1 ပတ် - ဘာသာပြန်ပါ။

ကမ္ဘောဒီးယားသည်ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင်ပါဝင်မည်

ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က တနင်္လာနေ့တွင် ဖေ့စ်ဘုတ်ခ်၌ ရေးသားခဲ့သည်။
ဘုတ်အဖွဲ့တွင် ပါဝင်ခြင်းသည် ကမ္ဘောဒီးယား၏ စေတနာနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် ခိုင်မာသော ကတိကဝတ်များကို ပြသခြင်းဖြစ်ကြောင်း ဟွန်မာနက်က ရေးသားခဲ့သည်။
နှစ်နှစ်ကျော်ကြာ ဆိုးရွားစွာ ဖြစ်ပွားခဲ့သော တို-က်ခို-က်မှုများအပြီး ဂါဇာဒေသ၏ ပြန်လည်တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ရန် ရည်ရွယ်ထားသည့် ‘Board of Peace’ ဟုခေါ်သော အဖွဲ့အစည်းတွင် ပါဝင်ရန် အမေရိကန် သမ္မတ ထရမ့်ပ့်က ထိုင်းနိုင်ငံကိုလည်း ဖိတ်ကြားခဲ့သည်။
ယမန်နှစ် ဒီဇင်ဘာလ ၂၇ ရက် နေ့တွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အပ-စ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချန်ထာဘူရီ ပြည်နယ်တွင် ထပ်မံ လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်သည် ရက်ပေါင်း ၂၀ ကြာ တို-က်ပွဲများ ကို အဆုံးသတ်စေခဲ့သည်။ လူပေါင်း ၁၀၁ ဦးထက်မနည်း ေ-သဆုံးကာ နှစ်ဘက်စလုံးမှ လူ ငါးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

image