1 ရက် - ဘာသာပြန်ပါ။

ပီအက်စ်ဗွီတိုက်စစ်သမားရီကာဒိုပီပီကို ပေါင် ၂၈ သန်းဖြင့် ဖူလ်ဟမ်းကမ်းလှမ်း
===================

ဖူလ်ဟမ်ဟာ ပီအက်စ်ဗွီတိုက်စစ်သမားရီကာဒိုပီပီအား ပေါင် ၂၈ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်လာပါတယ်။
ဖူလ်ဟမ်ဟာ ပီအက်စ်ဗွီဘက်က ပေါင်သန်း ၃၀ သတ်မှတ်ထားတဲ့ အမေရိကန်လက်ရွေးစင်ကစားသမားအား သတ်မှတ်ကြေးထက် လျှော့နည်းပြီး ကမ်းလှမ်းထားပေမယ့်လည်း အပြောင်းအရွှေ့ ဖြစ်မြောက်လာရန် မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
ပီပီဟာ ယခုရာသီတွင် ပီအက်စ်ဗွီအတွက် ဒတ်ချ်အဆင့်မြင့်တန်းလိဂ် ၁၅ ပွဲတွင် ၈ ဂိုးသွင်းထားသလို ချန်ပီယံလိဂ် ၅ ပွဲတွင်လည်း ၃ ဂိုးသွင်းထားသူ ဖြစ်ပါတယ်။
မာကိုဆေးလ်ဗားရဲ့ ဖူလ်ဟမ်ဟာ နိုဝင်ဘာလတုန်းက ရိုဒရီဂိုမူနက်ဇ်မှာ တံကောက်ကြောဒဏ်ရာကြောင့် ခွဲစိတ်ကုသခံရမှုနှင့်အတူ တိုက်စစ်မှူးတစ်ဦး ရှာဖွေနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ အဓိက တိုက်စစ်မှူးရာအူးလ်ဂျေမီနက်ဇ်မှာလည်း ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။
တဖက်တွင် ဆေးလ်ဗားက စနေနေ့တုန်းက ဘရိုက်တန်အား နောက်ကလိုက်ကစားကာ ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲလူစာရင်းတွင် မပါဝင်တဲ့ တောင်ပံကစားသမားအဒါမာထရာအိုရီကိုလည်း ထွက်ခွာခွင့်ပေးထားတယ်လို့ အတည်ပြုထားပါတယ်။
ဖူလ်ဟမ်ဟာ မန်စီးတီးတောင်ပံကစားသမားအော်စကာဘော့ဘ်အား ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်နေပေမယ့် တိုးတက်မှု မရှိပါဘူး။

image