3 ရက် - ဘာသာပြန်ပါ။

ဝက်စ်ဟမ်းရဲ့ ပါကွီတာအား ခေါ်ယူရန် ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှုသစ် ပြုလုပ်လာတဲ့ ဖလာမင်ဂို
====================

ဖလာမင်ဂိုဟာ ဝက်စ်ဟမ်းအလယ်တန်းကစားသမားလူးကပ်စ်ပါကွီတာအား ခေါ်ယူရန် ယူရို ၄၁ သန်းကျော်(ပေါင် ၃၅.၅ သန်း)ဖြင့် ကမ်းလှမ်းမှုအသစ် ပြုလုပ်လာပါတယ်။
ဖလာမင်ဂိုဟာ လာမယ့်အပတ် အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ အပြောင်းအရွှေ့ ဖြစ်မြောက်ရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကမ်းလှမ်းမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ ကွင်းလယ်ကစားသမားကတော့ ယခုလတွင် ဖလာမင်ဂိုသို့ ပြောင်းရန် ဆန္ဒပြင်းပြနေသူပါ။
ဝက်စ်ဟမ်းဘက်က ပါကွီတာအား ရောင်းချရန် သဘောတူရန် အသင့် ရှိနေပေမယ့်လည်း ဘရာဇီးစတားကို ရာသီအကုန်အထိ အငှားဖြင့် ဆက်ထိန်းထားလိုနေပါတယ်။
တဖက်တွင် ဝက်စ်ဟမ်းဟာ ပါကွီတာ မပါဝင်တဲ့ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ရရှိကာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၃ ပွဲဆက် နိုင်ပွဲ ရထားပါတယ်။
ဝက်စ်ဟမ်းဟာ သုံးပွဲဆက် နိုင်ပွဲရထားပေမယ့် ပရီးမီးယားလိဂ်တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရပ်တည်နေဆဲပါ။

image