ဇန်နဝါရီတွင် စပါးစ်သို့ ရောဘတ်ဆင်အား လီဗာပူး ရောင်းချလာဖွယ်မရှိ
====================

လီဗာပူးဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းတွင် အင်ဒီရောဘတ်ဆင်အား စပါးစ်သို့ ရောင်းချလာဖို့ မရှိပါဘူး။
စပါးစ်ဟာ နွေရာသီတွင် လီဗာပူးနှင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘယ်နောက်ခံလူအား ပေါင် ၅ သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေပါတယ်။
စပါးစ်နှင့် လီဗာပူးတို့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အင်ဒီရောဘတ်ဆင်အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ လာမယ့်ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်လိဂ်နောက်ဆုံးပွဲအပြီး အပြောင်းအရွှေ့ ဖြစ်လာမယ်လို့ ယူဆခဲ့ရပါတယ်။
လီဗာပူးဟာ အင်ဒီရောဘတ်ဆင်ကို စပါးစ်သို့ ရောင်းချပြီး ရိုးမားသို့ အငှားချထားတဲ့ ကိုစတာဆီမီကစ်အား ပြန်လည် ခေါ်ယူရန် စီစဉ်ထားတာပါ။
ဒါပေမယ့် လီဗာပူးဟာ ဆီမီကစ်အား ပြန်လည် ခေါ်ယူနိုင်ခြင်း မရှိတဲ့အပြင် နောက်ခံလူဂျိုးဂိုမက်ဇ်မှာ ဘုန်းမောက်အား ရှုံးနိမ့်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိသွားမှုနှင့်အတူ အင်ဒီရောဘတ်ဆင်ကို လက်လွှတ်လာနိုင်ခြင်း မရှိပါဘူး။
တဖက်တွင် အင်ဒီရောဘတ်ဆင်ဟာ ကမ္ဘာ့ဖလားမတိုင်မီ အကောင်းဆုံးပုံစံ ရရှိရေးအတွက် ပုံမှန်ပွဲကစားရန် လိုအပ်နေပေမယ့်လည်း စပါးစ်သို့ ပြောင်းရေး ကလပ်ကို အတင်းအကြပ်ဖိအားပေးခြင်း မပြုလုပ်နေပါဘူး။
အင်ဒီရောဘတ်ဆင်ဟာ ၂၀၁၇ ခုနှစ်တွင် ဟားလ်စီးတီးမှ ပေါင် ၈ သန်းဖြင့် ရောက်လာပြီးနောက် ၃၆၄ ပွဲကစားထားကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးရာမှာ အဓိကနေရာမှ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။
အန်းဆလော့ဟာ နွေရာသီတွင် ရောက်လာတဲ့ မီလို့စ်ကာကတ်ဇ်အား အဓိကဘယ်နောက်ခံလူအဖြစ် အသုံးပြုနေမှုနှင့်အတူ ရောဘတ်ဆင်မှာ ဒုတိယဦးစားပေးအဖြစ် ကစားလာရပါတယ်။

image