1 ပတ် - ဘာသာပြန်ပါ။

ဒဏ်ရာပြဿနာများ ကြုံခဲ့ရပေမယ့် ကွင်းပြင်ပမှ ပေါင် ၆ သန်း ရှာဖွေနိုင်ခဲ့တဲ့ ယူနိုက်တက်စတားမေဆင်မောင့်
===================

ယူနိုက်တက်အလယ်တန်းကစားသမားမေဆင်မောင့်ဟာ ကွင်းပြင်ပဝင်ငွေ ပေါင် ၆ သန်းအထိ ရရှိခဲ့ကာ ဂိုးအကြီးကြီး သွင်းနိုင်ခဲ့ပါတယ်။
မေဆင်မောင့်ပိုင်ဆိုင်ပြီး ဖခင်ဖြစ်သူ ဦးစီး လုပ်ဆောင်နေတဲ့ Stone Elite ကုမ္ပဏီဟာ စပွန်ဆာစာချုပ်များနှင့် ရုပ်ပုံလွှာအသုံးပြုခမှ ဝင်ငွေများစွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
မေဆင်မောင့်ရဲ့ ကုမ္ပဏီဟာ ၂၀၂၄ ခုနှစ်တုန်းက ပေါင် ၄.၄ သန်းသာ ဝင်ငွေ ရှိခဲ့ပေမယ့်လည်း ၂၀၂၅ ခုနှစ် ဇွန်လမှာတော့ ပေါင် ၅.၇ သန်းအထိ ဝင်ငွေ မြင့်တက်လာကြောင်း Companies House ရဲ့ ဖော်ပြမှုအရ သိရပါတယ်။
တဖက်တွင် ယူနိုက်တက်စတားဟာ Adidas နှင့် Mizuno ဖိနပ်များကို ဝတ်ဆင်နေမှုနှင့်အတူ မကြာမီကာလအတွင်းတွင် ဖိနပ်စာချုပ်သစ်ချုပ်ဆိုလာမယ်လို့လည်း ယုံကြည်ရပါတယ်။
Stone Elite ကုမ္ပဏီမှာ မေဆင်မောင့်ပိုင်ဆိုင်တဲ့ ကုမ္ပဏီ သုံးခုမှ တစ်ခု ဖြစ်ပါတယ်။
မေဆင်မောင့်ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ချဲလ်ဆီးမှ ပြောင်းလာပြီးနောက် ဒဏ်ရာပြဿနာများကြောင့် ယူနိုက်တက်ရဲ့ ပွဲ ၅၀ ကျော်တို့အား လွဲချော်ခဲ့ပေမယ့်လည်း ကွင်းပြင်ပဝင်ငွေမြင့်မားနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ် မန်စီးတီးအား အနိုင်ရတဲ့ပွဲလူစာရင်းတွင် ပါဝင်နိုင်ခဲ့တဲ့ မေဆင်မောင့်ဟာ ယနေ့ည အမ်းမရိတ်ကွင်းတွင် အာဆင်နယ်နှင့် ရင်ဆိုင်ကစားရမယ့်ပွဲစဉ်တွင် ပါဝင်ကစားလာဖို့ ရှိနေပါတယ်။

image