အာဆင်နယ်ပွဲအတွက် လူစာရင်းတွင် ဂျက်ဖလက်ချာကို ဖယ်ရှားပြီး အရေးပါတဲ့ စတားတစ်ဦးကို မိုက်ကာရစ် ပြန်လည်ထည့်သွင်းလာနိုင်ခဲ့
====================

နူဆာမာ့ဇ်ရာဝီဟာ ယနေ့ညတွင် အာဆင်နယ်အား အဝေးကွင်းတွင် ရင်ဆိုင်ကစားရမယ့် ယူနိုက်တက်လူစာရင်းတွင် ပြန်လည် ပါဝင်လာနိုင်ခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိ မာ့ဇ်ရာဝီဟာ မော်ရိုကိုအာဖရိကဖလားပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းနှင့် ပူးပေါင်းခဲ့ရမှုနှင့်အတူ ယူနိုက်တက်ရဲ့ ပွဲ ၈ ပွဲအား လွဲချော်ခဲ့ပါတယ်။
နောက်တန်းအစွန်လူဟာ မော်ရိုကိုအား အာဖရိကဖလားဗိုလ်လုပွဲသို့အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အာဖရိကဖလားအကောင်းဆုံးအသင်းတွင်လည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဗိုလ်လုပွဲတွင် ဆီနီဂေါအား ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်နှင့် ပြန်လည် ပူးပေါင်းလာနိုင်ခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ယနေ့ည အာဆင်နယ်နှင့်ပွဲအတွက် လူစာရင်းတွင် မန်စီးတီးနှင့်ပွဲစဉ်မှ လူစာရင်းမှ ဂျက်ဖလက်ချာကို ဖယ်ရှားကို မာ့ဇ်ရာဝီကို ထည့်သွင်းကာ တစ်ခုတည်းသော အပြောင်းအလဲ ပြုလုပ်ထားပါတယ်။
ယူနိုက်တက်ဟာ စနေနေ့ နေ့လည်ကတည်းက မီးရထားခရီးစဉ်ဖြင့် လန်ဒန်သို့ ရောက်ရှိနေခဲ့ပါတယ်။
ယူနိုက်တက်ယာယီနည်းပြကာရစ်ဟာ ဒဏ်ရာကြောင့် နားနေရတဲ့ မားသီးယပ်စ်ဒီလက်နှင့် ဂျိုရှာဇတ်ဇီးတို့ကို‌တော့ အာဆင်နယ်နှင့်ပွဲတွင် အသုံးပြုလာနိုင်ဦးမှာ မဟုတ်သေးပါဘူး၊
ဒီလက်မှာ ကျောဒဏ်ရာကြောင့် နှစ်လကျော်ကြာ နားလာရသူ ဖြစ်ပြီး ဇတ်ဇီးမှာလည်း ဒဏ်ရာကြောင့် မန်စီးတီးနှင့်ပွဲကို လွဲခဲ့ပါတယ်။
အာဆင်နယ်နှင့်ပွဲအတွက် ယူနိုက်တက်လူစာရင်းတွင် လမ်မန်း၊ ဘေယန်ဒါ၊ ဒါလော့၊ ယိုရို၊ ဟဲဗင်း၊ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ရှော၊ ဒေါ်ဂူး၊ မာ့ဇ်ရာဝီ၊ မာလာစီယာ၊ အူဂတ်တီ၊ မိုင်နူး၊ ကက်စ်မီရို၊ ဖာနန်ဒက်စ်၊ မောင့်၊ အာမက်၊ ကန်ညာ၊ အမ်ဘူမို၊ ဆက်စ်ကိုတို့ ပါဝင်ကြပါတယ်။

image