အာဆင်နယ်အနိုင်ဂိုးအောင်ပွဲခံစဉ် ပြောဆိုခဲ့တဲ့ စကားကြောင့် ပွဲပယ်ခံလာရနိုင်တဲ့ မားသီးယပ်စ်ကန်ညာ
===================
မားသီးယပ်စ်ကန်ညာဟာ အာဆင်နယ်နှင့်ပွဲတွင် ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူပြီးနောက် ကင်မရာနားသို့ ကပ်ကာ ပြောဆိုခဲ့တဲ့ စကားအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရဖို့ ရှိနေပါတယ်။
ကန်ညာဟာ အာဆင်နယ်အား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲတွင် ၈၇ မိနစ်မှာ အနိုင်ဂိုး သွင်းယူလိုက်ပြီးနောက် ကွင်းဘေးရှိ ကင်မရာရှိရာသို့ သွားရောက်ကာ It’s the f*****g biggest!” လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
အက်ဖ်အေရဲ့ စည်းမျဉ်းအရ ကစားသမားတစ်ဦးဟာ ညစ်ညမ်းစွာ ပြောဆိုမှု၊ ဆဲဆိုမှုတို့အတွက် ထုတ်ပယ်နိုင်ပါတယ်။
ဝိန်းရွန်းနီဟာ ၂၀၁၁ ခုနှစ် ဧပြီလတုန်းက ဝက်စ်ဟမ်းအား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲတွင် ကင်မရာနားသို့ သွားရောက်ကာ “What? F*****g what?”လို့ ပြောဆိုခဲ့မှုအတွက် အက်ဖ်အေရဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရဖူးပါတယ်။
ဝိန်းရွန်းနီဟာ ဖူလ်ဟမ်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲနှင့် မန်စီးတီးကို ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တို့ကို လွဲချော်ခဲ့ပါတယ်။
ကန်ညာဟာ မန်ချက်စတာဒါဘီနိုင်ပွဲတွင် ပက်ထရစ်ဒေါ်ဂူးရဲ့ ဂိုးအား ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပြီး မနေ့ညကပွဲတွင် လူစားဝင်ရောက်လာပြီးနောက် ယူနိုက်တက်အတွက် အနိုင်ဂိုးအား သွင်းယူခဲ့ပါတယ်။
တကယ်လို့များ ကန်ညာသာ ဝိန်းရွန်းနီကဲ့သို့ ၂ ပွဲပယ်ခံလာရပါက ဖူလ်ဟမ်၊ စပါးစ်တို့နှင့် ရင်ဆိုင်ရမယ့် အိုးထရက်ဖို့ဒ်ပွဲစဉ်များကို လွဲချော်လာပါမယ်။