အံ့မခန်း အမ်းမရိတ်နိုင်ပွဲအပြီးတွင် အာဆင်နယ်ကို အကြီးအကျယ်လှောင်ပြောင်လာတဲ့ ယူနိုက်တက်စတား
======================

ယူနိုက်တက်စတားအာမက်ဒီရယ်လိုဟာ ၃-၂ ဖြင့် နိုင်ပွဲအပြီးတွင် အာဆင်နယ်အား လှောင်ပြောင်တိုက်ခိုက် ပြောဆိုလာပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညတုန်းက အမ်းမရိတ်ကွင်းတွင် နောက်ကလိုက်ကစားကာ ၃-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်ဟာ ယူနိုက်တက်ရှုံးပွဲကြောင့် နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်ကာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
အာဆင်နယ်အား အနိုင်ရတဲ့ပွဲတွင် ၈၈ မိနစ်ကစားခဲ့တဲ့ အာမက်ဒီရယ်လိုဟာ ယင်းပွဲတွင် အာဆင်နယ်တို့ ၄-၀ ဖြင့် အနိုင်ရမယ်လို့ ခန့်မှန်းခဲ့တဲ့ အာဆင်နယ်ပရိသတ်တစ်ဦးအား “Enjoy KID 😉” လို့ တုံ့ပြန်ခဲ့ပါတယ်။
ယင်းပရိသတ်က ပြန်လည်တုံ့ပြန်လာချိန်တွင် အာမက်ဒီရယ်လိုက “Your only hope is corner🤣 “Be humble KID 🤫” လို့ ဆက်တိုက် လှောင်ပြောင် ရေးသားသွားပါတယ်။
အာဆင်နယ်အတွက် ယင်းသို့ ပြောဆိုခြင်းခံရတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်နှင့် တွေ့ဆုံစဉ် အာဆင်နယ်နောက်ခံလူဂါဘရီရယ်အား “stay humble” လို့ ပြောဆိုခဲ့ပါတယ်။
ယင်းနောက် ဒုတိယအကျော့ပွဲတွင် အာဆင်နယ်တို့ ၅-၁ ဖြင့် အနိုင်ရချိန်မှာ မိုင်လက်စ်လီဝစ်စကယ်လီက ဟာလန်းရဲ့ ယောဂအောင်ပွဲခံမှုအား လှောင်ပြောင်ခဲ့သလို ဂါဘရီရယ်ကလည်း နော်ဝေတိုက်စစ်မှူးမျက်နှာနားသို့ ကပ်ကာ အောင်ပွဲခံခဲ့ပါတယ်။

image