နှစ်ပတ်အတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၁၃ နေရာသိမ်းဆည်းရမိဟုဆို
ယခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၂၂ ရက် နှစ်ပတ်အတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၁၃ နေရာကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ (ဇန်နဝါရီ ၂၃ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ နှင့် မိုင်းရယ်မြို့တို့၌ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည်အဆိုပါ နယ်မြေအတွင်း ရှင်းလင်းရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော “၁၈၈၈” အမှတ်တံဆိပ်ပါ ထုတ်ပိုးခွံပစ္စည်းများ ထည့်ထားသည့် ဂိုဒေါင် ၃ လုံး၊ ဖန်ပေါင်းအိုး ၁၅ လုံး၊ အခြောက်ခံဗန်း ၂၄ ခုထားရှိသည့် တဲ ၁ လုံး၊ လူနေတဲ ၈ လုံး၊ အပေါင်းခံစက် ၇ လုံးထည့်ထားသည့် တဲ ၁ လုံး၊ (စိစစ်ဆဲ) ဓာတုပစ္စည်း ၅၀၀ အိတ်ထည့်ထားသည့် ဂိုဒေါင် ၁ လုံး၊ Caustic Soda ထည့်ထားသည့် ဆာလာအိတ် ၁၀၃ အိတ်နှင့် ဆိုဒီယန်ဆာလဖိတ်ထည့်ထားသည့် ဆာလာအိတ် ၂၀၀ အိတ် ထည့်ထားသည့် ဂိုဒေါင် ၁ လုံး၊ ကျောက်ချဉ်အိတ် ၁၈ အိတ်၊ မီးသွေးအမှုန့်အိတ် ၂၈ အိတ်၊ ဂတ်စ်အိုး ၄၆၉ လုံး၊ ရေခဲသေတ္တာ ၃ လုံး၊ စားချက်ဆောင် ၁ လုံး၊ လျှပ်စစ်မီးဖို ၉ လုံး၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်စက် ၂ လုံး၊မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် လူနေတဲ ၁၇ လုံး၊ ဂိုဒေါင် ၈ လုံး၊ မူးယစ်ဆေးဝါးချက်လုပ်သည့်တဲ ၄ လုံး၊ မီးစက်အကြီး ၂ လုံး၊ အက်ဆစ်အပါ (ပလပ်စတစ်) ပေပါအပြာ ၅၄ လုံး၊ ပလပ်စတစ်ပေပါအပြာအခွံ ၁၉၀ လုံး၊ သံပေပါအခွံ ၇၆ လုံး၊ အဖြူရောင် ၅ ဂါလန်ပုံး (အက်ဆစ်အပါ) ၇၅ လုံး၊ Caustic Soda ဆာလာအိတ် ၆၀ အိတ်၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် စတီးပေါင်းအိုး ၁ လုံး၊ ဖန်ပေါင်းအိုးအသေး ၃၉ လုံးတို့အားလည်းကောင်း၊ ညနေ ၆ နာရီခန့်တွင် အဆိုပါနေရာ၏ အနောက်မြောက်ဘက် ၆ ကီလိုမီတာခန့်အကွာ၌ ကော်ပေပါအခွံ ၆၇ လုံး၊ သံပေပါအခွံ ၇ လုံး၊ မီးစက် ၂ လုံး၊ လူနေတဲ ၄ လုံး၊ ကတ်ထူဖာအခွံများ ထည့်ထားသည့် ဂိုဒေါင် ၁ လုံး၊ စားချက်ဆောင် ၁ လုံး၊ ပစ္စည်းတင် စင်(သံဖရိန်) ၆ စင်၊ ဂက်စ်အိုး ၁ လုံး၊ သစ်ခွဲသားဆိုဒ်စုံ ၅၀ ချောင်းတို့ကိုသိမ်းဆည်းရမိခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် တဲ ၅ လုံး၊ ဂိုဒေါင် ၅ လုံး၊ လူနေတဲ ၈ လုံး၊ ၆ ပေကွိုင်လာ ၅ လုံး၊ ၅ ပေကွိုင်လာ ၅ လုံး၊ စတီးမွှေစက် ၄ လုံး၊ စတီးဗန်း ၆၀ ချပ်၊ မူးယစ်ဆေးဝါးချက်ဖန်ပြွန် ၁၂၀ ခု၊ ဆေးပြားရိုက်စက် ၄ လုံး၊ ဂက်စ်အိုးအခွံ ၁၂၀ လုံး၊ ပေပါအပြာအခွံ ၂၅၀ လုံး၊ သံပေပါအခွံ ၅၀ လုံး၊ မီးစက်ကြီး ၂ လုံး၊ ၆ ဘီးကားအပြာ ၂ စီးတို့အားလည်းကောင်း၊ ညနေ ၃ နာရီခန့်တွင် မန်ဖြတ်ကျေးရွာ၏ အနောက်တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အရှေ့တောင်ဘက် ၄ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အလျား ၂၅ ပေ အနံ ၁၅ ပေရှိ မိုးကာလူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၀ ပေရှိ မိုးကာစားချက်ဆောင် ၁ လုံး၊ ဘက်ဟိုးယာဉ် ၁ စီးနှင့် ဆက်စပ်ပစ္စည်းများကိုထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ဇန်နဝါရီ ၂၀ ရက်တွင်အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သည့်ဟု ယူဆရသော အလျား ၁၈၀ ပေ အနံ ၅၀ ပေ အမြင့် ၂၂ ပေရှိ သွပ်မိုးနှစ်ထပ်အဆောက်အအုံ ၂ လုံး၊ အလျား ၁၂၀ ပေ အနံ ၆၀ ပေ အမြင့် ၂၂ ပေရှိ ဆောက်လုပ်ဆဲ နှစ်ထပ်အဆောက်အအုံ ၁ လုံး၊ အလျား ၂၀၀ ပေ အနံ ၂၀ ပေ အမြင့် ၁၂ ပေရှိ သံဖရိန်သားကာ အဆောက်အုံ ၁ လုံးတို့လည်းသိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၂၂ ရက်တွင်SSA အဖွဲ့များနေထိုင်သည့် အလျား ၄၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ လူနေအဆောက်အအုံ ၁ လုံး၊ အလျား ၄၀ အနံ ၂၅ ပေရှိ သွပ်မိုးအုတ်ကာ စားချက်ဆောင် ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးဝါးကာ လူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၀ ပေရှိ သွပ်မိုးအုတ်ကာလူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၀ ပေရှိသွပ်မိုးထရံကာ လူနေတဲ ၁ လုံး၊ မြေစိုက်သစ်လုံးဘန်ကာ ၂ လုံး၊ အကျယ် ၃ ပေ အနက် ၃ ပေ ၊ အရှည် ၃၀၀ ပေရှိ ဆက်သွယ်ရေးမြောင်း ၊ ထရံမိုး ၂ ယောက်အိပ်တဲ ၂ လုံး၊ ထရံမိုး ၅ ယောက်အိပ်တဲ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အုံ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အအုံ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၂၄ ပေရှိ သွပ်မိုးပျဉ်ကာ ၂ ထပ်အဆောက်အအုံ ၁ လုံး၊ အလျား ၃၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ အဆောက်အအုံ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ အဆောက်အအုံ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၁၅ ပေရှိ သွပ်မိုးအုတ် (ကားဂိုဒေါင်ပါ) အဆောက်အအုံ ၁ လုံး၊ အလျား ၁၂ ပေ အနံ ၈ ပေရှိ သွပ်မိုးအုတ်ကာ (ရေချိုးခန်း) အဆောက်အအုံ ၁ လုံး အလျား ၁၀ ပေ အနံ ၅ ပေရှိ သွပ်မိုးအုတ်ကာ ( ၂ လုံးတွဲအိမ်သာ) အဆောက်အအုံ ၁ လုံး၊ အလျား ၆ ပေ အနံ ၆ ပေရှိ သွပ်မိုးအုတ်ကာ ကင်းစောင့်တဲ ၁ လုံးတို့ဖြင့် အခိုင်အမာတည်ဆောက်လျက် မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုအား အနီးကပ်လုံခြုံရေးပေးခဲ့သည်ဟု ယူဆရသည့် SSA လက်နက်ကိုင်အဖွဲ့အစည်းအင်အားစုအချို့ နေထိုင်ခဲ့သည့် စခန်းကြီးတစ်ခုအား ပစ်ခတ်ခုခံမှု မရှိဘဲ ရှင်းလင်းနိုင်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများကို ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။