1 ရက် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြစ်ဒါ-ဏ်ကိုခံယူမည်ဟုအောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ ခံဝန်လက်မှတ်ရေးထိုးထား

လူမှုကွန်ရက်စာမျက်နှာ၌ ကလေးသူငယ်၏ ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသော အပြုအမူအဖြစ် ဝေဖန်မှုများမြင့်တက်နေသည့် အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြစ်ဒါ-ဏ်ကို ခံယူမည်ဟု ဝန်ခံကတိပြု၍ ခံဝန်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့က ပဲခူးတိုင်း သဲကုန်းမြို့နယ် အင်းမရွှေကျောင်း ဘုရားပွဲတော်တွင် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က နှစ်ပါးသွား အစီအစဉ်တင်ဆက်သည့် အချိန်တွင် လူရွှင်တော်တစ်ဦးဖြစ်သူ ဖြိုးဖြိုးသည် စင်ပေါ်တက်၍ ဆုငွေချီးမြှင့်လာသော ကလေးငယ်တစ်ဦးအားပွေ့ချီယူပြီး အများအမြင်၌ လုံးဝ (လုံးဝ) မသင့်တော်သည့် အပြုအမူအား ဟာသသဖွယ် ပြုမူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အပြုအမှုကြောင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) Official facebook Page သို့လည်းကောင်း၊ (ဗဟို) သဘင် အမှုဆောင်များထံသို့ လည်းကောင်း တိုင်ကြားမှုများရှိခဲ့ကြောင်း သိရသည်။
အဆိုပါအကြောင်းအရာသည် လူမှုကွန်ရက်စာမျက်နှာ၌ ကလေးသူငယ်၏ ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသော အပြုအမူအဖြစ် ဝေဖန်မှုများမြင့်တက်နေသည့်အတွက် အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့မှ တာဝန်ရှိသူများဖြစ်သည့် တည်ထောင်သူ ခေါင်းဆောင်မင်းသား အောင်ဇမ္ဗူ၊ မန်နေဂျာ ကိုကျော်ဇေယျနှင့် လူရွှင်တော် ဖြိုးဖြိုးတို့အား ဗဟိုသဘင်ရုံးသို့ ဆင့်ခေါ်၍ သဘင်နာယကကြီးများ၊ ဥက္ကဋ္ဌနှင့်အမှုဆောင်များ ရှေ့မှောက်တွင် စိစစ်မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုနောက် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့မှလည်း ရည်ရွယ်ချက်မရှိပဲ သတိလက်လွတ်ပြုမူမိခဲ့သည့်အပေါ် ဝန်ချတောင်းပန်ကာ နောင်တွင် ထိုကဲ့သို့ အပြုအမူမျိုး မဖြစ်ပေါ်စေရန်နှင့် ထပ်မံဖြစ်ပေါ်ပါက ဗဟိုသဘင်၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြစ်ဒါ-ဏ်ကို ခံယူပါမည်ဟု ဝန်ခံကတိပြု၍ ခံဝန်လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွက် စိတ်မချမ်းမြေ့ဖွယ်ရာအပြုအမူအဖြစ် မြန်မာနိုင်ငံသဘင် အစည်းအရုံးအနေဖြင့် လုံးဝ (လုံးဝ) လက်ခံခြင်း မရှိပါကြောင်းနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းပါ စာမျက်နှာ (၄၆) ၊ အခန်း (၁၀) ၊ အပိုဒ် (၅၂) ၊ အပိုဒ်ခွဲ (၂) အရ အဆိုပါ ဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာ သတိပေးလိုက်ကြောင်းလည်း ယနေ့တွင် ထုတ်ပြန်ထားသည်။

image