3 ရက် - ဘာသာပြန်ပါ။

ဖီနာဘာချီနိုင်ပွဲတွင် တီလီမန်းကို အော်ဟစ်ခဲ့တဲ့အပြင် ဒေါသတကြီးဆောင့်တွန်းခဲ့တဲ့ ဗီလာနည်းပြအမ်မရီ
=====================

အူနိုင်းအမ်မရီဟာ အက်စတွန်ဗီလာတို့ ဖီနာဘာချီအား အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်းတွင် ယူရီတီလီမန်းအား ဒေါသတကြီး ဆောင့်တွန်းခဲ့ပါတယ်။
ဗီလာဟာ အစ္စတန်ဘူလ်တွင် ဖီနာဘာချီအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ရန် သေချာသွားခဲ့ပါတယ်။
ယင်းပွဲစဉ်ရဲ့ နှောင်းပိုင်းတွင် အမ်မရီဟာ တီလီမန်းအပါအဝင် ကစားသမား ၃ ဦးကို လူစားလဲခဲ့ပါတယ်။
တီလီမန်းကို ဆယ်ကျော်သက်ကစားသမားဂျော့ဟမ်မင်းနှင့် လူစားလဲခဲ့ပါတယ်။
အမ်မရီဟာ ကွင်းအတွင်းမှ ပြေးလွှားထွက်ခွာလာတဲ့ ဘယ်လ်ဂျီယံအလယ်တန်းကစားသမားကို ဒေါသတကြီးအော်ဟစ်ခဲ့သလို လက်ဖြင့် ဆောင့်တွန်းခဲ့ပါတယ်။
ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဘောလုံးပရိသတ်များက အမ်မရီမှာ အချိန်မဆွဲဘဲ ကွင်းမှ ပြေးလွှားထွက်ခွာလာခြင်းကြောင့် တီလီမန်းကို ဒေါသထွက်လေသလားလို့ မေးခွန်းထုတ်နေကြပါတယ်။
အမ်မရီကမူ ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး "သူက ကျုပ်သားလိုပဲ"လို့ ဖြေကြားကာ ဘာပြဿနာမှ မရှိကြောင်း ဆိုသွားပါတယ်။
အဆိုပါပွဲစဉ်တွင် ဗီလာဟာ ဆန်ချိုရဲ့ ၂၅ မိနစ် ခေါင်းတိုက်ဂိုးဖြင့် ဖီနာဘာချီအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
ဗီလာဟာ တနင်္ဂနွေနေ့တွင် စိန့်ဂျိမ်းစ်ပါ့ခ်သို့ သွားရောက်ကာ နယူးကာဆယ်နှင့် အဝေးကွင်းပွဲကြပ်ကစားရပါမယ်။

image