3 ရက် - ဘာသာပြန်ပါ။

နာပိုလီတိုက်စစ်မှူးလူကာအား ခေါ်ယူရန် ဖောရက်စ် နီးစပ်နေ
===================

နော်တင်ဟမ်ဖောရက်စ်ဟာ နာပိုလီတိုက်စစ်မှူးလိုရန်ဇိုလူကာအား ခေါ်ယူရန် နီးစပ်နေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရတဲ့ ဖောရက်စ်ဟာ အီတလီလက်ရွေးစင်တိုက်စစ်မှူးအား နွေရာသီတွင် အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် အငှားဖြင့် ခေါ်ယူလာမှာလည်း ဖြစ်ပါတယ်။
လူကာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ အူဒီးနီးစ်မှ အငှားဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူးဟာ နော်တင်ဟမ်ဖောရက်စ်သို့ ပြောင်းရေး အပြီးသတ်ရန်အတွက် အင်္ဂလန်သို့ ရောက်နေပြီလည်း ဖြစ်ပါတယ်။
ဖောရက်စ်နည်းပြရှောင်ဒိုက်ချီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဂိုး ၂၀ သွင်းခဲ့တဲ့ တိုက်စစ်မှူးခရစ်ဝုဒ်မှာ မည်သည့်အချိန်တွင် ပြန်ကစားနိုင်မယ်ဆိုတာ မသိရသေးမှုနှင့်အတူ တိုက်စစ်မှူးအားဖြည့်ရန် လိုအပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
လူကာဟာ ပြီးခဲ့တဲ့ရာသီတုန်းက အူဒီးနီးစ်အတွက် ၁၄ ဂိုးအထိ သွင်းနိုင်ခဲ့ပေမယ့်လည်း စီးရီးအေချန်ပီယံနာပိုလီသို့ ပြောင်းလာချိန်တွင် ကွန်တီ လက်အောက်မှာ နေရာရရိရေး ရုန်းကန်နေရပါတယ်။
ဖောရက်စ်ဟာ ဝုဗ်တိုက်စစ်မှူးဂျော်ဂျင်စထရန်းလာဆင်ကို ခေါ်ယူရန် စိတ်ဝင်စားပေမယ့်လည်း ပေါင်သန်း ၄၀ တောင်းဆိုမှုကြောင့် နောက်ဆုတ်ခဲ့ရတာပါ။ ၎င်းတို့ဟာ လူကာရဲ့ နာပိုလီကစားဖော် ဘယ်နောက်ခံလူမားသီးယပ်စ်အိုလီဗာကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါသေးတယ်။
ဖောရက်စ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် ရမှတ် ၅ မှတ်ကွာဟနေပါတယ်။

image