ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး(NCCC)ဌာန၏အကြီးအကဲတို့တွေ့ဆုံ

နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုများပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်ကြားပူးပေါင်းထိန်းသိမ်းဆောင်ရွက်ရန်ဆွေးနွေး
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင် ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ Army Operation Center Neighboring Countries Coordination Center (NCCC) General Direk Bongkarn အား ယနေ့ ဇန်န ဝါရီ ၂၂ ရက်မွန်းလွဲပိုင်းကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် နှစ်နိုင်ငံတပ်မတော်အကြီးအကဲများ၏ ဦးဆောင်မှုဖြင့် တပ်မတော်နှစ်ရပ်ကြားဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးမှုများတိုးတက်လျက်ရှိမှုအား ရေရှည်တည်တံ့ခိုင်မြဲအောင်ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကြားသဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်ပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသများတွင်တရားမဝင်ကုန်သွယ်မှုများနှင့် တရားမဝင်လုပ်ငန်းများလုပ်ကိုင်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ တစ်ကျော့ပြန်မပေါ်ပေါက်လာစေရေးနှင့် မူးယစ်ဆေးဝါးတို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ အင်တို-က်အားတို-က်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ နှစ်နိုင်ငံသတင်းအချက်အလက်များဖလှယ်ခြင်းများအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၁)နှင့်အပိုင်း(၂)ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့မှု၊ လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် အပိုင်း(၃)ကိုဆက်လက်ကျင်းပသွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

image