ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းများကို သတ်မှတ်ရက်အတွင်း တင်သွင်းကြရန် ရွေးကော် အသိပေး

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း တင်သွင်းကြရန် ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်က ယနေ့ ဇန်နဝါရီ (၂၃) ရက်နေ့တွင် အသိပေးနှိုးဆော်ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁၁) ရက်က ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့က ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို စာရင်းကို တင်သွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။
သတ်မှတ်ရက်အတွင်း မတင်သွင်းပါက သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်း ဥပဒေ ပုဒ်မ (၁၀၉) အရ အရည်ချင်းပျ-က်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်းခံရမည်ဖြစ်ကြောင်းလည်း အသိပေးထားခြင်းဖြစ်သည်။
ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ကိုကျင်းပပြီးဖြစ်ပြီး အပိုင်း (၃) ကိုလာမည် ဇန်နဝါရီ (၂၅) ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

image