မာဆေးပွဲစဉ်မှ အမိုက်စားဖရီးကစ်ဂိုးနောက်ကွယ်မှ လျို့ဝှက်ချက်ကို ဆိုဘိုဆလိုင်း ဖွင့်ဟပြောကြားလာ
====================
ဒိုမီနစ်ခ်ဆိုဘိုဆလိုင်းဟာ မာဆေးအား အဝေးကွင်းတွင် ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ အမိုက်စားဖရီးကစ်ဂိုးသွင်းနိုင်ခဲ့မှုရဲ့ နောက်ကွယ်မှ လျို့ဝှက်ချက်အား ဖွင့်ဟ ပြောကြားလာပါတယ်။
ဟန်ဂေရီအလယ်တန်းကစားသမားဆိုဘိုဆလိုင်းဟာ မာဆေးအား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် လီဗာပူးရဲ့ အဖွင့်ဂိုးအား ပထမပိုင်းနာကျင်အချိန်ပိုတွင် ဖရီးကစ်မှ တဆင့် သွင်းယူခဲ့တာပါ။
ဆိုဘိုဆလိုင်းဟာ ၁၈ ကိုက်အကွာမှ ရရှိတဲ့ ဖရီးကစ်အား မာဆေးအသင်းသားများက ကစားသမားတစ်ဦးလဲလျောင်းပြီး အနိမ့်ဘောကန်လာမယ့်အခြေအနေကို မကာကွယ်ထားမှုနှင့်အတူ ပါးနပ်စွာ အနိမ့်ဘောကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် ဆိုဘိုဆလိုင်းက "အိမ်စာလုပ်ခဲ့ပေါ့။ Wall အောက်မှာ တစ်ယောက်မှ လဲမနေရင် အခွင့်အရေးရပြီလို့ ပြောခဲ့တယ်။ တကယ်လည်း ဘယ်သူမှ လဲမနေတော့ ကြိုးစားခဲ့တယ်။ အလုပ်ဖြစ်သွားတယ်"လို့ TNT Sports သို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ မာဆေးနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်လာပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ဖို့ အခြေအနေကောင်းလာပါတယ်။
ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးဟာ စနေနေ့တွင် ဘုန်းမောက်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။