ကစားသမားဘဝ ဂိုး ၉၆၀ ပြည့်ကာ ဂိုးတစ်ထောင်ပြည့်ရန် ဂိုး ၄၀ သာ လိုတော့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
====================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr က Damac အား ၂-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ ရည်မှန်းချက်ဖြစ်တဲ့ ဂိုးတစ်ထောင်ပြည့်ရေး ဂိုး ၄၀ တည်းသာလိုတော့ပြီ ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nasr ဟာ ပွဲအစ ၅ မိနစ်တွင် ဂါရီးရဲ့ ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ယင်းနောက် ပေါ်တူဂီစူပါစတားက ပွဲချိန်မိနစ် ၅၀ မှာ ပေါ်တူဂီကစားဖော်ဂျာအိုဖီးလစ်ရဲ့ ခင်းပေးမှုကနေ ဂိုးသမားကို အသာမကျော်ကာ Al Nassr အတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးအား သွင်းယူခဲ့ပါတယ်။
ဒီဂိုးက ခရစ္စတီယာနိုရော်နယ်ဒိုအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဂိုး ၉၆၀ ပြည့်ဂိုးဖြစ်ပြီး ဂိုးတစ်ထောင်ပြည့်ရန် ဂိုး ၄၀ တည်းသာ လိုတော့ပြီ ဖြစ်ပါတယ်။
အိမ်ရှင် Damac ဟာ ဂိုးရရှိရန် ရုန်းကန်ခဲ့ရပေမယ့်လည်း ပွဲချိန် ၆၈ မိနစ်တွင် ထောင့်ကန်ဘောကနေ ဟာကက်စ်က လွတ်လွှတ်ကျွတ်ကျွတ်ခေါင်းတိုက်ကာ ချေပဂိုးတစ်ဂိုး ရရှိခဲ့ပါတယ်။
ပွဲချိန် ၈၂ မိနစ်မှာ ခရစ္စတီယာနိုရော်နယ်ဒိုက ညာခြမ်းမှ ဖြတ်တင်ဘောကနေ ဧရိယာအတွင်းကနေ ရင်ဘတ်နှင့် တစ်ချက်ထိန်းပြီး အပိုင်ကန်သွင်းခဲ့ပေမယ့်လည်း လူကျွံနေခဲ့လို့ နစ်နာခဲ့ရပါတယ်။
Al Nassr ဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးမှ Al Hilal နှင့် ၄ မှတ်ကွာဟလာခဲ့ပါတယ်။

image