မန်ချက်စတာဒါဘီရှုံးပွဲမှ မန်စီးတီးပရိသတ်များရဲ့အနာကို ဆားနှင့် ပက်လာတဲ့ ထိုင်းရဲတပ်ဖွဲ့
===================
ထိုင်းရဲတပ်ဖွဲ့ဝင်များဟာ မူးယစ်ဆေးဝါးမှုဖြင့် မန်စီးတီးပရိသတ်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဝတ်စုံဖြင့် ဓာတ်ပုံ ရိုက်ကူးကာ မန်စီးတီးပရိသတ်များရဲ့ အနာကို ဆားဖြင့် ပက်လာပါတယ်။
အသက် ၄၃ နှစ်အရွယ် မန်စီးတီးပရိသတ်တစ်ဦးဟာ အိုးထရက်ဖို့ဒ်တွင် သူ့အသင်း ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး နာရီအနည်းငယ်အကြာတွင် မက်သမ်ဖက်တမင်းဆေးပြားများဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဝင်များဟာ ယူနိုက်တက်ပရိသတ်များ ဖြစ်တာနှင့်အညီ ယူနိုက်တက်ဝတ်စုံကိုယ်စီ ဝတ်ဆင်ပြီး ၎င်းတို့ရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးအား နှစ်ထပ်ကွန်း အောင်ပွဲခံလာကြပါတယ်။
၎င်းတို့ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဒက်ချ်အူဒွမ်တွင် တရားခံအား ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပြီး “Manchester is RED.” ဆိုပြီး ရေးသားကာ ဖစ်ဘုတ်တွင် ပို့စ်တင်သွားပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဝင်များဟာ စိတ်ကြိုက်ဘောလုံးအသင်းဝတ်ဆင်လာတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
ပြီးခဲ့တဲ့မတ်လတုန်းက ဝင်ဘာလေကွင်းတွင် လီဗာပူးကို နယူးကာဆယ်က အနိုင်ရတဲ့ ခါရာဘောင်ဖလားဗိုလ်လုပွဲအပြီးတွင် လီဗာပူးပရိသတ်ထိုင်းရဲတပ်ဖွဲ့ဝင်များဟာ လီဗာပူးဝတ်စုံဝတ်ဆင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ နယူးကာဆယ်ပရိသတ်အား ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။