18 နာရီ - ဘာသာပြန်ပါ။

မြန်မာကိုယ်စားလှယ်အဖွဲ့ကိုထောက်ခံသူများ အထူးသတိပြုလိုက်နာရမည့်အချက်များကို အသိပေးနှိုးဆော်

ICJ ၌ မြန်မာနိုင်ငံကိုယ်စားပြုဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့များကို အားပေးထောက်ခံသူများ အထူးသတိပြုလိုက်နာရမည့်အချက်များကို အသိပေးနှိုးဆော်ထားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးထောက်ခံသူများအနေဖြင့် ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘောရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်၊ လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ်ပြုလုပ်ခြင်းများ မပြုလုပ်ကြပါရန် အသိပေးနှိုးဆော်ထားသည်။
ထို့ပြင် တိုင်းရင်းသား အမျိုးအမည်တွင်မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ်မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကားများမပြုလုပ်ကြပါရန်၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထားခိုင်လုံစွာဖြင့် တရားရုံးတွင်ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန်လည်း အသိပေးနှိုးဆော်ထားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲကာလဖြစ်ရာ အားပေးထောက်ခံမှုများအား လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာအသီးသီးတွင် ထောက်ခံပွဲများပြုလုပ်ရာတွင်လည်းကောင်း အထူးသတိပြုလိုက်နာကြပါရန် နှိုးဆော်ခဲ့ခြင်းဖြစ်သည်။

image