ချုံချင့်မြို့ရှိ တက္ကသိုလ်များတွင်ပညာသင်ကြားနေသည့် မြန်မာကျောင်းသား၊ ကျောင်းသူများကို အခမဲ့မျက် စိစမ်းသပ်စစ်ဆေးပြီး မျက်မှန်ဝန်ဆောင်မှုပေး
ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် Maylook မျက်စိဆေးရုံတို့ပူးပေါင်း၍ ချုံချင့်မြို့ရှိ တက္ကသိုလ်များတွင်ပညာသင်ကြားနေသည့် မြန်မာကျောင်းသား၊ ကျောင်းသူများကို အခမဲ့မျက်စိစမ်းသပ်စစ်ဆေးပြီး မျက်မှန်ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။
ချုံချင့်မြို့ရှိ China-Singapore Maylook Eye Hospital တွင်ပြုလုပ်ခြင်းဖြစ်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းမှ ယနေ့ ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်သည် China- Singapore Maylook Eye Hospital မှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံနှင့် Maylook မျက်စိဆေးရုံကြား ပညာရှင်များ အပြန်အလှန်ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။