ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံ ကိန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး
ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံ ကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၀ ရက်က ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အ ထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး က ချင်ပြည်နယ်ဒေသခံကော်မတီဖွဲ့စည်းမှု အခြေအနေ၊ လမ်းညွှန်မှာကြားချက်များ၊ လုပ်ငန်းတာဝန်များနှင့် ကော်မတီတွင် ဖြည့်စွက်ဖွဲ့စည်းနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသခံကော်မတီအဖွဲ့ဝင်များမှ ကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် ရှေ့ဆက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ဆောင် ရွက်မည့် ရှေ့လုပ်ငန်းအစီအစဉ်များအတွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။