1 ရက် - ဘာသာပြန်ပါ။

ဝင်းဂါးရဲ့ လူကျွံဘောအိုင်ဒီယာကို ကနေဒါလိဂ်တွင် စမ်းသပ် အသုံးပြုလာဖွယ်ရှိ
=================

ကနေဒီယံပရီးမီးယားလိဂ်ဟာ အာစင်ဝင်းဂါးရဲ့ နေ့အလင်းရောင် လူကျွံဘောစည်းမျဉ်းကို စမ်းသပ် အသုံးပြုလာတော့ပါမယ်။
နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ဟာ အင်္ဂါနေ့တုန်းက နှစ်ပတ်လည်အစည်းအဝေးတွင် ယင်းစနစ်ကို တင်ပြခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကာဒစ်တွင် ပြုလုပ်မယ့် အထွေထွေ အစည်းအဝေးတွင် ဧပြီလတွင် စတင်မယ့် ကနေဒီယံပရီးမီးယားလိဂ်တွင် စမ်းသပ် သုံး/မသုံး ဆုံးဖြတ်လာပါမယ်။
ဖီဖာတွင် ၂၀၁၉ ခုနှစ်ကတည်းက ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် ထမ်းဆောင်လာတဲ့ ဝင်းဂါးရဲ့ လူကျွံဘောစနစ်အရ ခန္ဓာကိုယ်က လူကျွံခြင်း မရှိဘဲ လက် သို့မဟုတ် ခြေ ကျွံခြင်းအား လူကျွံဘောအဖြစ် သတ်မှတ်လာပါမယ်။
ယင်းလူကျွံဘောစနစ်မှာ တိုက်စစ်အသားပေးကစားတဲ့ အသင်းအတွက် များစွာ အကျိုးရှိလာမည်ဖြစ်ရာ ဝေဖန်မှုများရှိနေပါတယ်။
ကနေဒါလိဂ်တွင် စမ်းသပ်အသုံးပြုမှု အောင်မြင်ပါက ဘောလုံးဥပဒေရေးဆွဲတဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ဟာ ယင်းစည်းမျဉ်းအား ၂၀၂၇-၂၈ ရာသီတွင် စတင် အသုံးပြုလာဖို့ ရှိပါတယ်။
ဒါ့အပြင် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ဟာ ကနေဒါလိဂ်တွင် VAR အသုံးပြုနေခြင်း မရှိမှုနှင့်အတူ ယင်းစနစ်ကို အခြားလိဂ်များတွင်လည်း စမ်းသပ်အသုံးပြုရေး ဖိတ်ခေါ်လာဖို့ ရှိပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ လူကျွံဘောစနစ်အရ တိုက်စစ်သမားက လက် သို့မဟုတ် ခြေကျွံနေပါကလည်း လူကျွံနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ဟာ အင်္ဂါနေ့က အစည်းအဝေးတွင် ဂိုးတည်ကန်ဘောနှင့် လက်ပစ်ဘောတို့ ပြုလုပ်ရာတွင် အချိန်ကန့်သတ်မှု ပြုလုပ်တဲ့ စနစ်အား ကမ္ဘာ့ဖလားတွင် အသုံးပြုရေး ဆွေးနွေးခဲ့သလို လူစားလဲခံရတဲ့ ကစားသမားမှာလည်း ၁၀ စက္ကန့်အတွင်း ကွင်းမှ ထွက်ခွာစေတဲ့ စနစ်ကို သုံးရေးလည်း ဆွေးနွေးခဲ့ပါတယ်။
လူစားလဲလှယ်တဲ့ ကစားသမား ၁၀ စက္ကန့်အတွင်း ကွင်းမှ မထွက်ခွာမှု မပြုလုပ်နိုင်ဘဲ လူစားဝင်ရောက်နိုင်ခြင်း မရှိပါက ယင်းအသင်းမှာ ၁၀ ယောက်တည်းဖြင့် ကစားလာရပါမယ်။ ဒါပေမယ့် ဒဏ်ရာကြောင့် လူစားလဲလှယ်မှု ပြုလုပ်ရပါက အချိန်ဆွဲဆန့်ထားနိုင်ပါတယ်။ ပရီးမီးယားလိဂ်တွင် စက္ကန့် ၃၀ အတွင်း လူစားလဲလှယ်မှု ပြီးစီးစေတဲ့ စနစ်ကို သုံးနေပါတယ်။

image