1 ရက် - ဘာသာပြန်ပါ။

မန်စီးတီးတောင်ပံကစားသမားဘော့ဘ်ကို ခေါ်ယူရန် ဖူလ်ဟမ် ဆွေးနွေးနေ
===================

ဖူလ်ဟမ်ဟာ မန်စီးတီးမှ တောင်ပံကစားသမားအော်စတာဘော့ဘ်အား ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
အသက် ၂၂ နှစ်ရှိ ဘော့ဘ်ဟာ ယခုဇန်နဝါရီလတွင် ဘုန်းမောက်မှ ပေါင် ၆၂.၅ သန်းဖြင့် အန်တိုနီဆီမန်ယို ရောက်လာပြီးနောက် မန်စီးတီးတွင် အနာဂတ် မရေမရာ ဖြစ်နေခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ကလပ်နှစ်ခုအကြား ဆွေးနွေးမှုများ ပြုလုပ်နေပေမယ့် ဖူလ်ဟမ်ဘက်က တရားဝင် ကမ်းလှမ်းမှုတော့ မပြုလုပ်ရသေးပါဘူး။
ယခုရာသီတွင် မန်စီးတီးအတွက် ၁၅ ပွဲကစားထားတဲ့ သူ့ကို ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ကလည်း စိတ်ဝင်စားနေပါတယ်။
သူဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့တုန်းက ဘရန့်ဖို့ဒ်နှင့် ခါရာဘောင်ဖလားပွဲတွင် မန်စီးတီးအတွက် နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး ယင်းပွဲရဲ့ ၁၇ မိနစ်တွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။
သူဟာ ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိမှုနှင့်အတူ မနေ့ညတုန်းက ဘိုဒို/ဂလမ့်အား ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ မန်စီးတီးလူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။
မန်စီးတီးဟာ ဆာဗင်ဟို ရှိနေချိန်တွင် ဆီမန်ယိုအား ခေါ်ယူလာမှုနှင့်အတူ အခွင့်အရေးနည်းပါးလာတဲ့ ဘော့ဘ်ကို အငှားချခြင်း (သို့မဟုတ်) အပြီးသတ်ရောင်းချခြင်း ပြုလုပ်ရန် အသင့် ရှိနေပါတယ်။
ဘော့ဘ်ဟာ ၂၀၂၅ ခုနှစ်တွင် နော်ဝေအတွက် ၆ ပွဲကစားကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။
မာကိုဆေးလ်ဗားဦးဆောင်တဲ့ ဖူလ်ဟမ်ဟာ နောက်ဆုံး ၇ ပွဲတွင် ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်နေသလို အက်ဖ်အေဖလားစတုတ္ထအဆင့်သို့လည်း တက်ရောက်ထားပါတယ်။

image