မွေးရပ်မြေအနီး လမ်းမပေါ်မှ အိမ်ယာကို ပေါင် ၁.၆ သန်းဖြင့် ဝယ်ယူလာတဲ့ မိုက်ကယ်ကာရစ်
=====================

ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ဟာ သူ ကြီးပြင်ရာနေရာအနီး လမ်းမကြီးပေါ်မှ အဆောက်အဦတစ်ခုကို ပေါင် ၁.၆ သန်း အသုံးပြုကာ ဝယ်ယူလာပါတယ်။
အသက် ၄၄ နှစ်ရှိ ကာရစ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် မန်ချက်စတာဒါဘီပွဲတွင် အနိုင်ရရှိကာ တာထွက်ကောင်းမွန်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ကွင်းအတွင်း ရလဒ်ကောင်း ရယူထားနိုင်သလို ကွင်းပြင်ပတွင်လည်း တိုင်နီမောင့်ရှိ အဆောက်အဦတန်းတစ်ခုကို ဝယ်ယူပြီး ရင်းနှီးမြှပ်နံမှုကောင်းတစ်ခု ပြုလုပ်လာပါတယ်။
ယင်းအဆောက်အဦမှာ ဖရောင့်လမ်းတွင် တည်ရှိတာ ဖြစ်ပြီး အဆောက်အဦ ၅ ခု ပါဝင်ကာ တိုင်နီမောင့်ရဲ့ ကမ်းခြေသို့ သွားရာ အရေးပါတဲ့ လမ်းမပေါ်တွင် တည်ရှိပါတယ်။
ယင်းအဆောက်အဦတွင် လူနေအိမ်ခန်းများ ပါဝင်သလို ဈေးဝယ်နိုင်မယ့် နေရာများလည်း ပါဝင်ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ဇနီးသည်လီဆာနှင့်အတူ Carras Media Ltd ကို တည်ထောင်ပြီး အိမ်ခြံမြေလုပ်ငန်း လုပ်ဆောင်နေတာပါ။
သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက ယူနိုက်တက်ယာယီနည်းပြအဖြစ် အိုလီဂန်းနားဆိုးလ်ရှားကို ကျော်ဖြတ်ကာ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်တုန်းကလည်း ယူနိုက်တက်ယာယီနည်းပြအဖြစ် ၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေရလဒ် ရယူနိုင်ခဲ့ပါတယ်။
သူဟာ အမိုရမ် ထုတ်ပယ်ခံရချိန်တွင် နောက်ထပ် အခွင့်အရေးတစ်ခု ထပ်မံ ရရှိလာပြီးနောက် ယူနိုက်တက်အား ပြန်လည်ဦးမော့အောင် ဦးဆောင်ထားနိုင်မှုကြောင့် ချီးကျူးခြင်းခံနေရပါတယ်။

image