တပ်မတော်က သပိတ်ကျင်း-မိုးကုတ်ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်

တပ်မတော်မှ PDF အကြမ်းဖက်အဖွဲ့များ ယာယီထိန်း ချုပ်ထားသည့် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေး လမ်းကြောင်းအား ဇန်နဝါရီ ၁၉ ရက်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၀ ရက်မှစ၍ မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအားပြန်လည်အသုံးပြုသွားလာနိုင်ပြီဖြစ်ပြီး ဒေသတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပုံမှန်အတိုင်းဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရန် တပ်မတော်မှစစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ် ငန်းများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၉ ရက်တွင် မလဲပေါက်ကျေးရွာအနီးရှိ ရည်မှန်းချက်နေရာ၊ ဇန်နဝါရီ ၂၀ ရက်တွင် မလဲပေါက်ကျေးရွာ၊ ဇန်နဝါရီ ၁၇ ရက်တွင် အောင်ဗဒါန်းကျေးရွာ၊ ဇန်နဝါရီ ၁၈ ရက်တွင် စိန်အင်းကျေးရွာ၊ ဇန်နဝါရီ ၁၉ ရက်တွင် ရွှေညောင်ပင်ကျေးရွာတို့အားသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ ၂၀ ရက်တွင် မလဲပေါက်ကျေးရွာ၌ တပ်မတော်စစ်ကြောင်းများပေါင်းဆုံနိုင်ပြီး အကြမ်း ဖက်အဖွဲ့များ ယာယီစိုးမိုးထားခဲ့သည့် သပိတ်ကျင်း-မိုးကုတ်ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုလုံးကို အ ပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီး ယင်း လမ်းကြောင်းအားပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများမှ လိုအပ်သည့်နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ အကြမ်းဖက်အဖွဲ့များဖျက်စီးခဲ့သည့် လမ်းတံတားများ၊ ဌာနဆိုင်ရာအ ဆောက်အအုံများ၊ ဒေသခံများ၏ နေအိမ်အဆောက် အအုံများ၊ စာသင်ကျောင်းများပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေသအတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှု လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ခရီးသွားများစိတ်အေးချမ်းသာစွာဖြင့် အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးတို့အတွက် ဒေသခံများနှင့်ပူးပေါင်းကာ နယ်မြေလုံ ခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အ ဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image