အပျော်တမ်း ဘောလုံးပွဲတွင် ပြိုင်ဘက်ကစားသမားကို တံတောင်ဖြင့် အသားလွတ် တိုက်ခိုက်ခဲ့သူ အာမခံဖြင့် လွတ်မြောက်လာ
===================

ဝေးလ်မြောက်ပိုင်း အပျော်တမ်းဘောလုံးပွဲတစ်ပွဲတွင် ပြိုင်ဘက်ကစားသမားအား အသားလွတ် တံတောင်ဖြင့် တိုက်ခိုက်ခဲ့သူဟာ ဖမ်းဆီးခံခဲ့ရပြီးနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ လူတစ်ဦးဟာ ဇန်နဝါရီလ ၁၇ ရက်နေ့တုန်းက Trearddur Bay နှင့် Porthmadog တို့ကစားတဲ့ Ardal North West League ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားတစ်ဦးအား တိုက်ခိုက်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Gwynedd ရှိ Y Traeth (The Beach) ကွင်းတွင် ဖြစ်ပျက်ခဲ့တဲ့ ယင်းအဖြစ်အပျက် ဗီဒီယိုဖိုင်မှာ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေပါတယ်။
ဝေးလ်မြောက်ပိုင်းရဲတပ်ဖွဲ့ဟာ တိုက်ခိုက်ခံရသူနှင့် ဆက်သွယ်နိုင်ခဲ့သလို မျက်မြင်သက်သေများထံမှ အထောက်အထားများလည်း ရယူနေပါတယ်။
လက်ရှိအချိန်တွင် Trearddur Bay က ယင်းအဖြစ်အပျက်အတွက် တောင်းပန်မှု ပြုလုပ်ထားပြီး ကစားသမားကိုလည်း တနင်္ဂနွေနေ့တုန်းက အရေးပေါ် ကော်မတီတွေ့ဆုံပွဲအပြီးတွင် အသင်းမှ ထုတ်ပယ်ခဲ့ပါတယ်။
တဖက်တွင် ဝေးလ်ဘောလုံးအဖွဲ့ချုပ်ကလည်း အထက်ပါ အဖြစ်အပျက်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။
Trearddur Bay က ၎င်းတို့ ကစားသမား ဒန်နီဘရော့ခ်ဝဲလ်မှာ ယင်းတိုက်ခိုက်မှုကြောင့် ခေါင်းမူးဝေမှု ဖြစ်ခဲ့ပေမယ့်လည်း ယခုအခါ နေအိမ်တွင် သက်သာ ကောင်းမွန်လာပြီ ဖြစ်ကြောင်း ဆိုထားပါတယ်။

image