ကြီးမားတဲ့ အပြောင်းအလဲ အရွှေ့တစ်ခုဖြင့် ပရိသတ်များအား ပွဲများကို IMAX စတိုင် ဒီဂျစ်တယ်တစ်ရာသီစာ လက်မှတ် ရောင်းချလာဖို့ ရှိနေတဲ့ ယူနိုက်တက်
==================

ယူနိုက်တက်အပါအဝင် ကလပ်အမြောက်အမြားတို့ဟာ ပွဲသို့ လာရောက်နိုင်ခြင်း မရှိတဲ့ တစ်ကမ္ဘာလုံးမှ ပရိသတ်များအား IMAX စတိုင်အတွေ့အကြုံမျိုးဖြင့် ကြည့်ရှုနိုင်ရေး လုပ်ဆောင်ရန် အလေးအနက်ထား စဉ်းစားနေကြပါတယ်။
ယူနိုက်တက်ဟာ တစ်ကမ္ဘာလုံးမှ ပရိသတ်များအား ဒီဂျစ်တယ်တစ်ရာသီစာ လက်မှတ်များ ရောင်းချရန်အထိပါ ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ဘောလုံးပရိသတ်များအနေဖြင့် အိုးထရက်ဖို့ဒ်မှ တိုက်ရိုက်ထုတ်လွှင့်မှုများအား အခကြေးငွေပေးပြီး ကိုယ်တိုင် တက်ရောက်ကြည့်ရှုရသလို ခံစားမှုဖြင့် ကြည့်ရှုလာနိုင်မှာလည်း ဖြစ်ပါတယ်။
ယင်းသို့ အိုးထရက်ဖို့ဒ်မှ တိုက်ရိုက်ထုတ်လွှင့်ရာတွင် ပုံမှန် ရုပ်သံမှ ထုတ်လွှင့်တဲ့ မြင်ကွင်းမျိုးမဟုတ်ဘဲ ကိုယ်တိုင် ကွင်းထဲသို့ သွားရောက် ကြည့်ရှုရသလိုမျိုး ကွင်းရှိ ပရိသတ်များရဲ့အသံများလည်း ကြားရမှာ ဖြစ်သလို ရှုထောင့်မျိုးစုံမှ ကြည်ရှုနိုင်ပါမယ်။
ယင်းသို့ တိုက်ရိုက်ထုတ်လွှင့်မှုအား လုပ်ဆောင်နေတာ ယူနိုက်တက်ကလပ်တစ်ခုတည်း မဟုတ်ပါဘူး။
ဒါပေမယ့် ခိုင်မာတဲ့ သတင်းရစ်မြစ်အရ ယူနိုက်တက်ဟာ အယ်လ်အေအခြေစိုက် ပေါင်သန်း ၇၀ ရင်းနှီးတည်ထောင်ထားတဲ့ နည်းပညာကုမ္ပဏီ Cosm နှင့် ပူးပေါင်း အလုပ်လုပ်ကာ ထုတ်လွှင့်ပြသနိုင်ရေး ဆွေးနွေးနေပါတယ်။
Hollywood Park ရှိ Cosm Los Angeles စင်တာဘက်က ဘောလုံးပရိသတ်များအား ကိုယ်တိုင်ကွင်းထဲသို့ သွားရောက်ကြည့်ရှုရသလိုမျိုး ခံစားရအောင် လုပ်ဆောင်ပေးနိုင်မှုအပေါ် ယူနိုက်တက်ဘက်က အကြီးအကျယ် အားရနေပါတယ်။
Cosm Los Angeles ဟာ အားကစားပွဲများကို ၁၈၀ ဒီဂရီ LED Screen ဖြင့် ထုတ်လွှင့်ပြက ပရိသတ်များအား ကြီးမားတဲ့ အတွေ့အကြုံ ပိုင်ဆိုင်ခွင့်ပေးနေတာလည်း ဖြစ်ပါတယ်။
Cosm က ၂၀၂၄ ခုနှစ်နွေရာသီတုန်းက အာဆင်နယ်နှင့် ယူနိုက်တက်တို့ ရာသီကြိုခြေစမ်းပွဲကစားရာ SoFi Stadium အခြေစိုက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
၎င်းတို့ စနစ်က ဖလင်စနစ်တစ်ခုဖြစ်တဲ့ IMAX ကို အခြေပြုတာ ဖြစ်ပြီး အရည်အသွေးမြင့်အရုပ်နှင့် အသံကို ခံစားနိုင်စေပါတယ်။
လာမယ့် နွေရာသီတွင် ရုံတင်လာမယ့် ကမ္ဘာကျော်ဒါရိုက်တာခရစ္စတိုဖာနိုလန် ရိုက်ကူးထားတဲ့ The Odyssey မှာ IMAX ကင်မရာများ အသုံးပြုကာ ရိုက်ကူးထားတဲ့ တစ်ခုတည်းသော ရုပ်ရှင် ဖြစ်ပါတယ်။

image