ဟန်ဂေရီအလယ်တန်းကစားသမားအဲလက်စ်တော့သ်ကို ပေါင် ၁၀.၄ သန်းဖြင့် ဘုန်းမောက် ခေါ်ယူလာ
====================

ဘုန်းမောက်ဟာ ဖီရန်ဗာရို့စ်မှ ဟန်ဂေရီအလယ်တန်းကစားသမားအဲလက်စ်တော့သ်အား ပေါင် ၁၀.၄ သန်းဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၀ နှစ်ရှိ ကွင်းလယ်ခံစစ်ကစားသမားဟာ ဘုန်းမောက်သို့ ၅ နှစ်ခွဲစာချုပ်ဖြင့် ပြောင်းလာတာ ဖြစ်ပြီး စာချုပ်အတွင်းတွင် ဖီရန်ဗာရို့စ်အနေဖြင့် အပိုဆုကြေး ပေါင် ၂.၅ သန်းထပ်မံ ရရှိမယ့် အချက်အပြင် နောင်တွင် ရောင်းချလာပါက ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်းအား အကျိုးခံစားခွင့် ရရှိမယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဟန်ဂေရီအတွက် ၉ ပွဲကစားထားတဲ့ အဲလက်စ်သော့သ်ကို ဘင်ဖီကာ၊ ဂါလာတာစာရေးနှင့် လာဇီယိုတို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် ဘုန်းမောက်က လက်ဦးမှု ရယူနိုင်ခဲ့ပါတယ်။
သော့သ်က "ဘုန်းမောက်က စိတ်ဝင်စားကြောင်း ပထမဆုံးအကြိမ် သိလိုက်ရချိန်မှာ အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ ကမ္ဘာ့အကောင်းဆုံးနဲ့ အတောင့်တင်းဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်က ကလပ်ကောင်းတစ်ခုလို့ ပျော်တယ်။ ကလပ်တစ်ခုလုံးနဲ့ တည်ဆောက်ပုံက အရမ်းကောင်းပါတယ်"လို့ ပြောကြားသွားပါတယ်။
အဲလက်စ်သော့သ်ဟာ ကစားသမားဘဝတစ်ခုလုံးအား ဟန်ဂေရီတွင်သာ ကျင်လည်ဖူးသူ ဖြစ်ပြီး ၂၀၂၃-၂၄ ရာသီတုန်းက ဆိုရိုကာတွင် အငှားဖြင့် သွားကစားခဲ့ဖူးပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် ဖီရန်ဗာရို့စ်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့ပြီးနောက် လိဂ်ပွဲ ၅၂ ပွဲကစားထားရာတွင် ၄ ဂိုးသွင်းထားနိုင်ပါတယ်။
ဘုန်းမောက်ဟာ ယခုဆောင်းရာသီတွင် ဂိုးသမားဖရေဇာဖော်စတာနှင့် နောက်ခံလူအဒီဆိုလန်ကီတို့ကိုလည်း ခေါ်ယူအားဖြည်ထားပါတယ်။

image