အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ သေဆုံးသူ ၁၆၅၀၀ ကျော်ရှိ

နိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သောအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအားအီရန်အစိုးရက အင်အားသုံးဖိနှိပ်မှုကြောင့် သေဆုံးခဲ့ရသူအရေအတွက်မှာ ၁၆၅၀၀ ကျော်အထိ ရှိလာနိုင်ကြောင်း ဇန်နဝါရီ ၁၈ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အဆိုပါ သေဆုံးသူအရေအတွက်သည် အီရန်ပြည်တွင်းရှိဆရာဝန်များ ကွန်ရက်တစ်ခုထံမှ ရရှိသော အရေအတွက်ဖြစ်ပြီး မူလခန့်မှန်းထားသော သေဆုံးသူအရေအတွက်ထက် များစွာကျော်လွန်နေကြောင်း ဗြိတိန်မီဒီယာများ၏ အဆိုအရသိရသည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း သေဆုံးသူအများစုမှာအသက် ၃၀ အောက် လူငယ်များဖြစ်
ကြပြီး ဒဏ်ရာရသူအရေအတွက်မှာလည်း အနည်းဆုံး ၃၃၀၀၀၀ အထိရှိနိုင်ကြောင်း ဗြိတိန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။
အထူးသဖြင့် အီရန်အစိုးရကအင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သော ဇန်နဝါရီ ၉ ရက်နှင့် ၁၀
ရက်တို့တွင် ဆန္ဒပြပြည်သူများသေဆုံးမှုနှုန်းမှာ တစ်ရှိန်ထိုးမြင့်တက်လာခဲ့ကြောင်း အီရန်ဆရာဝန်များကွန်ရက်၏အဆိုအရ သိရသည်။
အီရန်ဆရာဝန်များ ကွန်ရက်သည် ၎င်းတို့၏ ဆန္ဒပြပြည်သူများသေစာရင်းကို အဓိကဆေးရုံကြီး
ရှစ်ခုနှင့် အရေးပေါ်ဆေးကုသရေးဌာန ၁၆ ခုတို့မှ ရရှိသော အချက်အလက်များကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။
စီးပွားရေး ကျပ်တည်းမှုကိုအကြောင်းပြု၍ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ခဲ့သော ဈေး
ဆိုင်ပိုင်ရှင်များ၏ ဆန္ဒပြပွဲများသည်နောက်ပိုင်းတွင် ပြည်လုံးကျွတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအဖြစ်ပြောင်းလဲခဲ့သည်။

image