ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေဖြင့် ဂျပန်၊ ကူရာကာအိုတို့နှင့် ခြေစမ်းပွဲ ကစားမည်ဟု စကော့တလန် ကြေညာလာ
==================
စကော့တလန်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေဖြင့် နောက်ဆုံးအိမ်ကွင်းပွဲစဉ်များအဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားကြတဲ့ ဂျပန်၊ ကူရာကာအိုတို့နှင့် ခြေစမ်းပွဲကစားသွားမယ်လို့ ကြေညာလာပါတယ်။
စတိဗ်ကလပ်ခ်ဦးဆောင်တဲ့ စကော့တလန်ဟာ Hampden တွင် မတ်လ ၂၈ ရက်နေ့ စနေနေ့မှာ ဂျပန်နှင့်လည်းကောင်း၊ မေလ ၃၀ ရက်နေ့ စနေနေ့တွင် ကူရာကာအိုနှင့်လည်းကောင်း ခြေစမ်းသွားပါမယ်။
ကမ္ဘာ့အဆင့်ထိပ်ဆုံး ၂၀ ဝင် ဂျပန်အသင်းမှာ Hampden သို့ ပထမဆုံးအကြိမ် လာရောက်ကစားလာမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ ကမ္ဘာ့အဆင့် ၈၂ တွင် ရပ်တည်နေတဲ့ ကာရစ်ဘီယံကျွန်းနိုင်ငံ ကူရာကာအိုမှာလည်း ပထမဆုံးအကြိမ်အဖြစ် စကော့တလန်နှင့် ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။
ဒတ်ချ်ပိုင်ဆိုင်တဲ့ ကူရာကာအိုအသင်းကို ရိန်းဂျားနှင့် နယ်သာလန်နည်းပြဟောင်းအက်ဗိုကက်က ကိုင်တွယ်နေတာပါ။
ဟာဂျီမီမိုရီယာဆုကိုင်တွယ်နေတဲ့ ဂျပန်အသင်းက လက်ရှိအချိန်တွင် စကော့တလန်ထက် ကမ္ဘာ့အဆင့် ၁၈ ဆင့် ရပ်တည်နေတာ ဖြစ်ပါတယ်။
သမိုင်းတွင် စကော့တလန်နှင့် ဂျပန်တို့ ၃ ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် တွေ့ဆုံတုန်းက ဂျပန်တို့ ၂-၀ ဖြင့် အနိုင်ရခဲ့ကာ ယခင်တွေ့ဆုံမှု ၂ ကြိမ်မှာ ဂိုးမရှိသရေကျခဲ့ပါတယ်။