1 ရက် - ဘာသာပြန်ပါ။

အာဖရိကဖလားဗိုလ်လုပွဲအပြီးတွင် ဂျာနယ်လစ်များရဲ့လှောင်ပြောင်ခြင်းခံရပြီးနောက် သတင်းစာရှင်းလင်းပွဲမှ ဆီနီဂေါနည်းပြ ထွက်ခွာသွားခဲ့
===================

အာဖရိကဖလားဗိုလ်လုပွဲအပြီးတွင် ချန်ပီယံ ဆီနီဂေါအသင်းနည်းပြပါပီသီယော်ဟာ ဒေသခံမီဒီယာများရဲ့ လှောင်ပြောင်ခြင်းခံခဲ့ရပြီးနောက် သတင်းစာရှင်းလင်းပွဲအခန်းမှ ထွက်ခွာသွားခဲ့ပါတယ်။
မနေ့ညက အာဖရိကဖလားဗိုလ်လုပွဲတွင် အချိန်ပိုမှာ မော်ရိုကိုအား ပင်နယ်တီပေးမှုအပေါ် ကန့်ကွက်တဲ့အနေဖြင့် သီယော်ဟာ ဆီနီဂေါကစားသမားများကို အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်ရန် ညွှန်ကြားခဲ့ပါတယ်။
သို့ရာတွင် ဆာဒေယိုမာနေးက ကစားဖော်များအား ကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျနိုင်ခဲ့ပြီးနောက် ဆီနီဂေါတို့ အနိုင်ဂိုး ရရှိကာ ဒုတိယအကြိမ်မြောက် အာဖရိကဖလားရရှိလာပါတယ်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် မော်ရိုကိုနည်းပြဝါလစ်ရီဂရာဂူမှာလည်း ရာထူးမှ နုတ်ထွက်ရန် တိုက်တွန်းခြင်းခံခဲ့ရပါတယ်။
Prince Moulay Abdellah Stadium တွင် အာဖရိကဖလားချန်ပီယံ ဖြစ်ပြီးနောက် ပါပီသီယော်ဟာ မီဒီယာစင်တာသို့ ရောက်လာချိန်တွင် နည်းဗျူဟာပိုင်းနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။
ဒါပေမယ့် သီယော်ဟာ မီဒီယာစင်တာတွင် ရှိနေတဲ့ မော်ရိုကိုဂျာနယ်လစ်များရဲ့ လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပါတယ်။
သီယော်ဟာ ယင်းသို့ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရပြီးနောက် မတ်တပ်ရပ်ကာ စကားမပြောတော့ဘဲ ထွက်ခွာသွားခဲ့ပါတယ်။
သီယော်ဟာ အာဖရိကဖလားဗိုလ်လုပွဲတွင် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အား ကန့်ကွက်တဲ့အနေဖြင့် ကစားသမားများအား အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်ရန် ညွှန်ကြားမှုအတွက် အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူခြင်းခံလာရဖို့ ရှိနေပါတယ်။

image