1 ရက် - ဘာသာပြန်ပါ။

မန်ချက်စတာဒါဘီပွဲမတိုင်မီ ပုဂ္ဂိုလ်ရေးပြဿနာရှိနေတဲ့ မိုက်ကယ်ကာရစ်နှင့် အင်တာဗျူးခွင့် အစီအစဉ်အား ငြင်းပယ်ခံခဲ့ရတဲ့ ရွိုင်ကိန်း
===================

ရွိုင်ကိန်းဟာ စနေနေ့က မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ မိုက်ကယ်ကာရစ်အား အင်တာဗျူးပြုလုပ်နိုင်မယ့် အခွင့်အရေးအား ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။
အသက် ၅၄ နှစ်ရှိ ယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက မိုက်ကယ်ကာရစ်ရဲ့ ဇနီးသည်လီဆာအား အာကျယ်မလို့ ပြောဆိုခဲ့ဖူးပါတယ်။
The Overlap အစီအစဉ်တွင် ရွိုင်ကိန်းက "သူ့မိန်းမ အမြဲပါဝင်လာနိုင်တယ်(ယူနိုက်တက်တွင် ကာရစ် မအောင်မြင်လာလျှင်)။ တခါတလေ နည်းနည်းအာကျယ်တယ်။ Team Talk တောင် ပြောလာနိုင်တယ်"လို့ ပြောကြားသွားပါတယ်။
ယင်းပြဿနာရဲ့ အရင်းအမြစ်မှာ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက လီဆာက ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းအား ဆိုရှယ်မီဒီယာတွင် ဝေဖန်ခဲ့ရာမှ စတင်ခဲ့တာပါ။
ရွိုင်ကိန်းက အိုလံပီယာကို့စ်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ကာရစ် ခြေစွမ်းမပြနိုင်မှုအတွက် ဝေဖန်ပြောဆိုမှုအား လီဆာက " “Roy Keane what a **** will say anything to provoke a reaction.”လို့ ဝေဖန်ခဲ့တာပါ။ ဒါ်ပေမယ့် သူမဟာ ယင်းပို့စ်ကို မကြာမီမှာပင် ဖျက်ပစ်ခဲ့ပါတယ်။
ကာရစ်ဟာ ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခံရပြီး ရက်အနည်းငယ်အကြာမှာ Sky Sports က တိုက်ရိုက်လွှင့်တဲ့ မန်ချက်စတာဒါဘီပွဲအား ကြီးကြပ်ရပါတယ်။
ပွဲမတိုင်မီ Sky Sports အကြီးအကဲများက ကာရစ်အား ရွိုင်ကိန်းအပါအဝင် ဘောလုံးဝေဖန်ရေးသမားများနှင့် အင်တာဗျူး လုပ်ရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် Sky Sports ရဲ့ တောင်းဆိုမှုကို ယူနိုက်တက်တာဝန်ရှိသူများက ငြင်းဆိုခဲ့ကြောင်း Daily Mail က ဖော်ပြသွားပါတယ်။
အသက် ၄၄ နှစ်ရှိ ကာရစ်ဟာ ဥမင်လှိုဏ်ခေါင်းတွင် ယူနိုက်တက်ကစားဖော်ဟောင်းဂယ်ရီနဗီးလ်နှင့်သာ စကားပြောခဲ့ပါတယ်။
တဖက်တွင် ရွိုင်ကိန်းဟာ မန်ချက်စတာဒါဘီပွဲမတိုင်မီ ရွိုင်ကိန်းအား ခန့်အပ်မှု၊ ဂျွန်နီအီဗန့်အား နည်းပြအဖွဲ့တွင် ခန့်အပ်မှုတို့အား ဝေဖန်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ကလည်း မန်ချက်စတာဒါဘီပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ယူနိုက်တက်ကစားဖော်ဟောင်းများရဲ့ မှတ်ချက်များကို ဂရုမစိုက်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။

image