1 ရက် - ဘာသာပြန်ပါ။

မန်စီးတီးသို့ ပြောင်းပြီးနောက် ကလပ်ရဲ့ ဒုတိယလုပ်ခအများဆုံးရ ကစားသမားဖြစ်လာတဲ့ မာ့ခ်ဂူဟီ
======================

မာ့ခ်ဂူဟီဟာ မန်စီးတီးသို့ ပေါင်သန်း ၂၀ ဖြင့် ပြောင်းရွှေ့ပြီးနောက် ကလပ်ရဲ့ ဒုတိယလုပ်ခအများဆုံးရ ကစားသမား ဖြစ်လာပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်ဗဟိုနောက်ခံလူဟာ တနင်္လာနေ့တုန်းက ခရစ္စတယ်ပဲလေ့စ်မှ မန်စီးတီးသို့ ပေါင်သန်း ၂၀ ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။
သူဟာ မန်စီးတီးနှင့် တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ တန် ၅ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဂူဟီဟာ ယခုရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခွင့် ရှိနေမှုနှင့်အတူ လက်မှတ်ထိုးကြေးများစွာ ရရှိလာမှာ ဖြစ်လို့ မန်စီးတီးဘက်က မြင့်မားတဲ့ လုပ်ခဖြင့် ကမ်းလှမ်းခဲ့ရတာလည်း ဖြစ်ပါတယ်။
ဂူဟီဟာ မန်စီးတီးတွင် တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ရရှိလာမှုနှင့်အတူ ဘာနာဒိုဆေးလ်ဗားနှင့်အတူ ဒုတိယလုပ်ခအများဆုံးရ ကစားသမား ဖြစ်လာပါတယ်။
မန်စီးတီးရဲ့ လုပ်ခအများဆုံးရကစားသမားအဖြစ် အာလင်းဟာလန်းက တစ်ပတ်လုပ်ခ ပေါင် ၅၂၅၀၀၀ ဖြင့် ရပ်တည်နေပါတယ်။
ဒါ့အပြင် ဂူဟီဟာ အိုမာမာမွတ်ရှ်(ပေါင် ၂၉၅၀၀၀)၊ ဂျွန်စတုန်း၊ ဒွန်နာရမ်မာ၊ ရူဘင်ဒီယာ့စ်(ပေါင်၂၅၀၀၀၀)၊ တီဂျာနီရိုင်ဒါ(ပေါင် ၂၃၀၀၀၀)၊ ဖီးလ်ဖိုဒန်(ပေါင် ၂၂၅၀၀၀)၊ ရိုဒရီ(ပေါင် ၂၂၀၀၀၀)၊ ဂျို့စ်ကိုကဗာဒီယော်(ပေါင် ၂၀၀၀၀၀)တို့ထက် များပြားနေပါတယ်။

image