1 ရက် - ဘာသာပြန်ပါ။

စပါးစ်ဘုတ်အဖွဲ့ရဲ့ ယုံကြည်မှုကို ခံစားရကြောင်း ဖိအားများအောက် ကျရောက်နေတဲ့ သောမတ်စ်ဖရန့် ပြောကြားလာ
===================

စပါးစ်နည်းပြသောမတ်စ်ဖရန့်က စိတ်ပျက်စရာကောင်းတဲ့ ရာသီတစ်ခု ကြုံနေရပေမယ့်လည်း စပါးစ်ဘုတ်အဖွဲ့ရဲ့ ယုံကြည်မှုကို ခံစားနေရကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
စပါးစ်ဟာ အသင်းကို ၇ လတည်းသာ ကိုင်တွယ်စဉ်အတွင်း ရလဒ်ဆိုးရွားနေမှုနှင့်အတူ သောမတ်စ်ဖရန့်အား ထုတ်ပယ်ရန် အလေးအနက်ထား စဉ်းစားနေပါတယ်။
စပါးစ်ဟာ စနေနေ့တုန်းက ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီးနောက် ဖိအားများအောက် ကျရောက်နေတဲ့ သောမတ်စ်ဖရန့်ကို လူသိရှင်ကြား ထောက်ပံ့အားပေးနေတုန်း ဖြစ်ပတယ်။
ဖရန့်ဟာ တနင်္လာနေ့မှာ အမှုဆောင်ချုပ်ဗီနိုင်းဗန်ကာတီရှမ်အပါအဝင် အခြားဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ယနေ့ည ဒေါ့မွန်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဖရန့်က "ကလပ်အနာဂတ်၊ ဘောလုံး၊ ဘဝနဲ့ပတ်သက်ပြီး ကောင်းကောင်း ဆွေးနွေးခဲ့ကြတယ်။ ပုံမှန်အားဖြင့် သတင်းဆိုး ကြုံရချိန် ဒါမှ မဟုတ် ဆိုးရွားတဲ့ ရာသီဥတုကျရောက်လာချိန်မှာ လူတွေမှာ ပုံမှန် မလာကြတော့ဘဲ နေ့လည်စာ ခင်မင်စွာ မစားကြတော့ ဒါက ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါ"လို့ ပြောကြားသွားပါတယ်။
BBC ရဲ့ ဖော်ပြမှုအရ စပါးစ်ဘုတ်အဖွဲ့ဝင် တစ်ဦးက သောမတ်စ်ဖရန့်ကို ထုတ်ပယ်ရန် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတည်းက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
စပါးစ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အပြီးတွင် နိုင်ပွဲ ၇ ပွဲတည်းသာ ရရှိပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
ဖရန့်ဟာ စနေနေ့တုန်းက ဝက်စ်ဟမ်းရှုံးပွဲအပြီးတွင် ပရိသတ်များရဲ့ 'မနက်ကျရင် အထုတ်ခံရပြီ"လို့ သံပြိုင်အော်ဟစ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ဖရန့်က စပါးစ်ပရိသတ်များရဲ့ ထောက်ခံအားပေးမှုကို ပြန်လည် ရယူနိုင်သေးတယ်လို့ အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ပါတယ်။
တဖက်တွင် စပါးစ်ဟာ ဘင်ဒါးဗီးစ်၊ ရီချာလီဆင်၊ ဘန်တင်ကော်၊ မိုဟာမက်ကူဒပ်စ်၊ ကူလူဆပ်ဗ်စကီး၊ ဂျိမ်းစ်မက်ဒီဆင်တို့ ဒဏ်ရာရရှိနေမှုနှင့်အတူ ဒဏ်ရာပြဿနာများနှင့် ကြုံနေပါတယ်။
ဒါ့အပြင် အလယ်တန်းကစားသမားဂျိုအာပယ်ဟင်ဟာမှာ ဒေါ့မွန်နှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်နေသလို မစ်ကီဗန်ဒီဗန်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကျခံထားရပါတယ်။ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမားသစ်ကော်နာဂယ်လာဂါမှာလည်း အက်သလက်တီကိုနှင့်အတူ ချန်ပီယံလိဂ်လိဂ်ပွဲစဉ်များကစားခဲ့ရာ ရှုံးထွက်အဆင့်တွင်မှ ကစားနိုင်ပါမယ်။

image