မန်ချက်စတာဒါဘီပွဲတွင် လက်ကျိုးခဲ့ပေမယ့် ယနေ့ည ဘိုဒို/ဂလမ့်နှင့်ပွဲတွင် ပါဝင်ကစားလာမယ့် ဖီးလ်ဖိုဒန်
===================

ဖီးလ်ဖိုဒန်ဟာ စနေနေ့ညတုန်းက အိုးထရက်ဖို့ဒ် မန်ချက်စတာဒါဘီရှုံးပွဲတွင် လက်ကျိုးခဲ့ပေမယ့်လည်း ယနေ့ညတွင် မန်စီးတီးအတွက် ပါဝင်ကစားလာပါမယ်။
အင်္ဂလန်အလယ်တန်းကစားသမားဟာ ယူနိုက်တက်ရှုံးပွဲတွင် ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီး ဂွါဒီယိုလာက နည်းစနစ်ပိုင်းဆုံးဖြတ်ချက်ကြောင့်လို့ ဆိုခဲ့ပါတယ်။
တကယ်တမ်းမှာတော့ ဖီးလ်ဖိုဒန်ဟာ လက်ဒဏ်ရာရရှိခဲ့လို့ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရတာပါ။
ဒါပေမယ့် သူဟာ တနင်္လာနေ့တုန်းက လက်ကို စနစ်တကျပတ်တီးစီးပြီး လေ့ကျင့်ခန်းဆင်းနေတာ တွေ့ရပြီး နော်ဝေသို့ မန်စီးတီးနှင့်အတူ လိုက်ပါသွားခဲ့ပါတယ်။
ဂွါဒီယိုလာက "လက်ကျိုးသွားတာ။ ဒါပေမယ့် သူ့မှာ အကာအကွယ်ရှိတယ်။ ပွဲအတွက် အဆင်ပြေမှာပါ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက အာလင်းဟာလန်းမှာ နော်ဝေတွင် ကစားမယ့်ပွဲတွင် ပါဝင်ကစားရန် အသင့် ရှိနေကြောင်းလည်း ဆိုသွားပါတယ်။
အာလင်းဟာလန်းဟာ နောက်ဆုံး ၇ ပွဲတွင် ၁ ဂိုးတည်းသာ သွင်းထားနိုင်ပြီး ပွဲပန်းမှုကြောင့် ရုန်းကန်နေရပါတယ်။
ဒါ့အပြင် အာဖရိကဖလားပြိုင်ပွဲမှ ပြန်လည် ရောက်ရှိလာတဲ့ အိုမာမာမွတ်ရှ်မှာလည်း မန်စီးတီးလူစာရင်းတွင် ပါဝင်နေပါတယ်။

image