ပုခုံးခဏခဏနာပြီး လည်ပင်းတွေ အမြဲ ညောင်းညာတက်တဲ့သူအများစုဟာ အစာအိမ်အက်ဆစ်ပြန်တက်တဲ့ ဝေဒနာကိုပါ တွဲပြီး ခံစားရတက်ပါတယ်။ အကယ်၍ သင်က ပုခုံးနာတာကိုပဲ အနှိပ်ခံ၊ ဆေးလူးပြီး ကုနေပေမယ့် ဇစ်မြစ်ဖြစ်တဲ့ “အစာအိမ်ရောဂါ” ကို မကုသဘူးဆိုရင်တော့ ဒီဝေဒနာက ဘယ်တော့မှ ပျောက်မှာမဟုတ်ဘဲ တကျော့ပြန် ပြန်ဖြစ်နေဦးမှာပါ။
ဘာကြောင့် ရင်တုန်ပြီး စိတ်ပူပန်တတ်တာလဲ?
အချို့သူတွေမှာ ရင်တုန်တာ၊ ရင်ဘတ်ထဲ တင်းကြပ်တာနဲ့ စိုးရိမ်စိတ်လွန်ကဲပြီး Panic (ထိတ်လန့်တုန်လှုပ်ခြင်း) အထိ ဖြစ်တတ်ပါတယ်။ ဒါဟာ စိတ်ကြောင့်သက်သက်မဟုတ်ဘဲ အစာအိမ်အက်ဆစ်တွေက ခန္ဓာကိုယ်ရဲ့ အလိုအလျောက် အာရုံကြောစနစ်ကို သွားရောက်နှိုးဆွလိုက်လို့ ဖြစ်ရတာပါ။
ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေတာလဲ?
• အသက်ရှူတိုခြင်းကြောင့် ကြွက်သားတင်းခြင်း - အက်ဆစ်ပြန်တက်တဲ့အခါ အသက်ရှူမဝဘဲ အသက်ရှူတိုလာပါတယ်။ အဲဒီအခါ ရင်ဝမ်းခြားကြွက်သားတွေ တင်းကျပ်လာပြီး လည်ပင်း၊ ပုခုံးနဲ့ ကျောပြင်က ကြွက်သားတွေကိုပါ လိုက်ပြီး ဆွဲဆန့်သလိုဖြစ်ကာ နာကျင်စေပါတယ်။
• အာရုံကြော လှုံ့ဆော်မှု - အက်ဆစ်ကြောင့် အာရုံကြောတွေ တုံ့ပြန်မှုဖြစ်ပြီး လည်ပင်းနဲ့ ပုခုံးကြွက်သားတွေဟာ မိမိကိုယ်တိုင် သတိမထားမိဘဲ အလိုအလျောက် တင်းကျပ် (Spasm) သွားတတ်ပါတယ်။
အဖြေကတော့ ရှင်းရှင်းလေးပါ...
အဓိကတရားခံဖြစ်တဲ့ အစာအိမ်အက်ဆစ်ပြန်တက်တာကို သက်သာအောင် ကုသလိုက်တာနဲ့ ကျန်တဲ့ ရင်တုန်တာ၊ Panic ဖြစ်တာနဲ့ ပုခုံးနာကျင်တာတွေပါ တဖြည်းဖြည်းချင်း အလိုလို ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
#crd
#အစာအိမ်အက်စစ်