1 ပတ် - ဘာသာပြန်ပါ။

“ကိုယ့်မကောင်းကြောင်း ပြောသံကြားရတဲ့အခါ”
---------------
မိမိစိတ်သန္တာန်ကို
တည်ငြိမ်အောင်
လေ့ကျင့်နေထိုင်ခြင်းသည်
တရားကျင့်တယ်လို့
သတ်မှတ်နိုင်တယ်။
မြတ်စွာဘုရားက
လောကမှာ လူတွေဟာ
အချင်းချင်းဆက်ဆံနေကြရတဲ့အခါ
‘ကိုယ့်အကြောင်း’ ကို
★ မပြောသင့်တဲ့ အချိန်မှာ
ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။
★ မဟုတ်မမှန်တွေ ပြောတာလည်း
ဖြစ်ချင်ဖြစ်မယ်။
★ ရိုင်းရိုင်းပျပျ ပြောတာတွေလည်း
ကြုံ နိုင်တယ်။
★ ကျိုးကြောင်းဆီလျော်မှု မရှိဘဲ
ပြောတာတွေလည်း ကြုံ တွေ့နိုင်တယ်။
�အဲဒီလို ကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက
အဲဒီ ‘စကားမုန်တိုင်း’
တွေကို ဘာနဲ့ခံယူမလဲ? တဲ့။
အဲဒီနေရာမှာ ‘မေတ္တာနှလုံး’
အစဉ်သုံးလို့ ပြောတာနော်။
မြတ်စွာဘုရားက ကျင့်စဉ်လေး ပေးထားတယ်။
�ဘာပေးထားတုန်းဆိုရင်
“န စေ ဝ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿ တိ”
အဲဒီလိုစကားမျိုးတွေကြားလာခဲ့ရင်…..
★★ ငါ့စိတ်က
‘အပြောင်းအလဲ’ မဖြစ်စေရဘူးလို့
အဲဒီလို စိတ်မဆိုးနဲ့တဲ့။ ★★
အဲဒီလိုပြောတာနော်။
ပင်ကိုယ်စိတ်ကလေးက
★ ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့။
★ ဒေါသစိတ် မဖြစ်ပေါ်နဲ့။
★ စိတ်ဓာတ် မပြောင်းလဲသွားစေနဲ့တဲ့။
★ အပြောမခံရခင်က စိတ်က တစ်မျိုး၊
ကိုယ့်ကို လာပြောတဲ့အခါမှာ
★ အပြောခံလိုက်ရတဲ့ စိတ်က တစ်မျိုး၊
အဲဒီလို မပြောင်းလဲသွားစေနဲ့တဲ့။
အပြောမခံလိုက်ရခင်က စိတ်မျိုးကို ထိန်းထားပါတဲ့။
မျက်နှာကြော တင်းသွားတာတို့၊
ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ်။
အဲဒီလို စိတ်ကလေးပြောင်းလဲ မသွားအောင်
မြတ်စွာဘုရားက ထိန်းပါလို့ပြောတာနော်။
တရားကျင့်တယ်ဆိုတာ ဒါပါပဲ။
တရားကျင့်တယ်ဆိုတာ
အများက “တင်ပလ္လင်ခွေထိုင်ပြီး
မျက်စိကို စုံမှိတ်ထားတာ။
အဲဒီလိုမျိုး ထိုင်တာကိုမှ တရားကျင့်တယ်”လို့
တရားအားထုတ်တယ်လို့ထင်တယ်။
အဲဒီလိုကျင့်တာက တစ်မျိုး။
သမာဓိရအောင် ကျင့်တာခေါ်တယ်။
★ ကိုယ့်မူရင်း စိတ်ကောင်းကလေးကို
ပြောင်းလဲသွားတာမျိုး မဖြစ်အောင်
ထိန်းနိုင်တာကိုလည်း တရားကျင့်တယ်လို့
သတ်မှတ်နိုင်တယ်။ ★
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ

image