ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နှင့်နှစ်သစ်ကူးအကြိုပွဲတော်ကျင်းပ
-----------------------

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နဲ့ ရိုးရာနှစ်သစ်ကူးအကြိုပွဲ တော်ကို ဇန်နဝါရီ (၁၈)ရက်က ရန်ကုန်မြို့ရှိ The ERAVATI Sule Grand Yangon မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာ‌ တွေ၊ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်‌ တွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော် တွေတက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က အဖွင့်အမှာစကားပြောခဲ့ပြီး ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်းနဲ့ တာဝန်ရှိသူတွေက ကျေးဇူးတင်နှုတ်ခွန်းစကားတွေပြောကြားခဲ့ကြပါတယ်။
အဲဒီနောက် ကိုးကန့်တိုင်းရင်းသားအမျိုးသမီးရေးရာအဖွဲ့နဲ့ 2025 worldculture dance festival winner ဆုရှင်အဖွဲ့တွေက ကပြဖျော်ဖြေခဲ့ကြပြီး တယောထိုးဖျော်​ဖြေမှုတွေလည်း
ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နဲ့ ကိုးကန့်နှစ်သစ်ကူးအကြိုပွဲ
အဖြစ် အသင်းရန်ပုံငွေအတွက် ပစ္စည်း တွေလေလံတင်ရောင်းချတာ၊ လုပ်ငန်းသဘောတူ MOUရေးထိုးတာတွေ့နဲ့ Lucky Draw အစီစဥ်တွေလည်းပြုလုပ်ခဲ့ပါတယ်။

image