မိုးကြက်သွန်နီအသစ်များ ဈေးကောင်းရနေ

မန္တလေးတိုင်းအတွင်းမြို့နယ်များရှိကြက်သွန်နီဈေးကွက်အခြေအနေမှာမိုးကြက်သွန်နီအသစ်များ စတင်ဝင်ရောက်နေခြင်းကြောင့် ဈေးကောင်းရနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မန္တလေးကြက်သွန်နီဈေးကွက်တွင် လက်ကားဈေးနှုန်း ကျပ် ၂၈၀၀ မှ ၃၂၀၀၊ လက်လီဈေးနှုန်း ကျပ် ၂၅၀၀ မှ ၃၅၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကျောက်ဆည် ကြက်သွန်နီ ဈေးကွက်တွင် တောဝယ်ဈေးနှုန်း ကျပ် ၂၈၀၀ မှ ၄၀၀၀ ခန့်ရှိကြောင်းသိရသည်။
ထို့ပြင် မြင်းခြံကြက်သွန်နီဈေးကွက်တွင် တောဝယ်ဈေးနှုန်း ကျပ် ၂၀၀၀ မှ ၂၅၀၀ ခန့်ရှိပြီး၊ တစ်ပတ်အတွင်း ကြက်သွန်နီအဝင် ပိဿာ ၈၀,၀၀၀ နှင့် ၁၀၀,၀၀၀ ခန့်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းရှိ စိုက်ဧကတစ်သန်းကျော်တွင် စိုက်ပျိုးထုတ်လုပ်ပြီး ထွက်ရှိလာသည့်ကြက်သွန်နီကို ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံအချို့ကိုလည်းတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

image