7 ရက် - ဘာသာပြန်ပါ။

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာတော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။
ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။
ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊ ဗုဒ္ဓဒေသနာ ဝိဇ္ဇာ(BA)ဘွဲ့ရ(၁၆) ပါး၊ သာသနာ့နုဂ္ဂဟ ဓမ္မာစရိယဘွဲ့(၁)ပါး၊ သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့(၄)ပါး၊ အင်္ဂလိပ်စာသင်တန်းဆင်းလက် မှတ်ရရှိသူ(၂၂)တို့ဦး ဘွဲ့လက်မှတ်များနှင့် သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။

image