နွေရာသီတွင် မာရက်စ်ကာနှင့် ဟာလန်းအား ဘာနေဗျူးသို့ ခေါ်ဆောင်ရန် ရီးရဲလ်မက်ဒရစ်စီစဉ်နေ
===================

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ နွေရာသီတွင် အသင်းကို အကြီးအကျယ် အပြောင်းအလဲကြီး ပြုလုပ်ရန် စီစဉ်နေပါတယ်။
ပီရက်ဇ်ဟာ လာမယ့် နွေရာသီတွင် မန်စီးတီးဂိုးသွင်းစက် အာလင်းဟာလန်းအား ခေါ်ယူလိုနေတဲ့အပြင် ချဲလ်ဆီးနည်းပြဟောင်းအန်ဇိုမာရက်စ်ကာကိုလည်း နည်းပြရာထူးအတွက် လျာထားစာရင်းတွင် ထည့်သွင်းထားပါတယ်။
စပိန်စီးပွားရေးလုပ်ငန်းရှင်ဟာ ဟာလန်းရဲ့ အေးဂျင့် ရာဖယ်လာပီမန်တာနှင့် နီးစပ်တဲ့ ဆက်သွယ်မှု ရှိသူ ဖြစ်ပြီး နွေရာသီတွင် ခေါ်ဆောင်နိုင်ရန် မျှော်လင့်နေပါတယ်။
အာလင်းဟာလန်းဟာ ၂၀၂၂ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်လည်း ဂွါဒီယိုလာလက်အောက်တွင် ကစားရန် မန်စီးတီးကို ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။
ဟာလန်းဟာ စပိန်တွင် ပျော်သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တွင် ကစားရေးမှာ သူ့ကစားသမားဘဝ ရည်မှန်းချက်များထဲမှ တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးနှင့် ၂၀၃၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဟာလန်းကို အလွယ်တကူ ခေါ်ဆောင်နိုင်မှာတော့ မဟုတ်ပါဘူး။
ရီးရဲလ်မက်ဒရစ်အနေဖြင့် ဟာလန်းကို ယူရိုသန်း ၅၀၀ ကျော်ဖြင့် ကမ်းလှမ်းလာရနိုင်ရာ ဘရာဇီးစူပါစတားဗီနီရှပ်စ်ဂျူနီယာကို ရောင်းချလာရဖို့ ရှိနေပါတယ်။
ပီရက်ဇ်ဟာ နွေရာသီတွင် နည်းပြသစ် ခန့်အပ်ရေးအတွက် မာရက်စ်ကာအပြင် ဂျာဂင်ကလော့ပ်ကိုလည်း လျာထားပါသေးတယ်။

image