စပိန်တွင် ဆိုးသွမ်းပရိသတ်များရဲ့ ချိန်းရိုက်များကို နှိမ်နင်းရာမှ ၁၆၂ ဦးအထိ ဖမ်းဆီးခံရ
==================
စပိန်ရဲတပ်ဖွဲ့ဟာ ယခုရာသီအတွင်း ဆိုးသွမ်းဘောလုံးပရိသတ်များရဲ့ ချိန်းရိုက်ပွဲများအား ဖြိုခွဲနှိမ်နင်းရာမှ ပရိသတ်တစ်ရာကျော်အား ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်နိုင်ခဲ့ကြောင်း ကြေညာသွားပါတယ်။
စပိန်ရဲတပ်ဖွဲ့ဟာ ၂၀၂၅-၂၆ တစ်ရာသီတည်းအတွင်းတွင် ဆိုးသွမ်းဘောလုံးပရိသတ်အုပ်စုများနှင့် ဆက်စပ်နေတဲ့ ပရိသတ် ၁၆၂ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ နိုဝင်ဘာလတုန်းက အက်သလက်တီကိုနှင့် ဆီဗီလာဆိုးသွမ်းပရိသတ်များအကြား ချိန်းရိုက်ပွဲအပါအဝင် ပရိသတ်များရဲ့ ချိန်းပွဲများကို ကြားဝင် ဖြိုဖျက်မှုအပါအဝင် ချိန်းရိုက်ပွဲစွာတို့အား တားဆီးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် စပိန်ရဲတပ်ဖွဲ့က ချိန်းရိုက်ပွဲများတွင် တိုက်ခိုက်အသုံးပြုရန်အတွက် ချုံပုတ်များတွင် ဖွက်ထားတဲ့ လက်နက်အမြောက်အမြားကိုလည်း တွေ့ရှိခဲ့ကြောင်းလည်း ဆိုသွားပါတယ်။
စပိန်ရဲတပ်ဖွဲ့ဟာ လာလီဂါတွင် ကစားနေတဲ့ ဆဗီးလ်မြို့ခံပြိုင်ဘက် ဘက်တစ်နှင့် ဆီဗီလာပရိသတ်များရဲ့ ချိန်းရိုက်ပွဲကိုလည်း သတင်းကြိုရကာ ၁၄ ဦးအထိ ဖမ်းဆီးတားဆီးနိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ ယခုရာသီအတွင်းတွင် စပိန်နိုင်ငံတလွှား မြို့ပေါင်း ၁၅ မြို့မှ ပရိသတ် ၁၆၂ ဦးတို့ကို ဖမ်းဆီးခဲ့တာပါ။