လုပ်ခများစွာ လျှော့ယူကာ အငှားဖြင့် ထွက်ကစားရန် သဘောတူညီလာတဲ့ ဘာကာဂိုးသမားမာ့ခ်တာစတီဂန်
====================

ဘာစီလိုနာအသင်းခေါင်းဆောင်မာ့ခ်တာစတီဂန်ဟာ ရက်သတ္တပတ်အတန်ကြာ သတင်းများစွာ ထွက်ပေါ်လာပြီးတဲ့နောက် အသင်းပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။
ဂျာမန်ဂိုးသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပုံမှန်ပွဲကစားခွင့် ရရှိရေးအတွက် ကတ်တလန်ဒေသတွင် ပြိုင်ဘက် ဂီရိုနာသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိလာတာလည်း ဖြစ်ပါတယ်။
Cadena SER ရဲ့ ဖော်ပြလာမှုအရ ဂျာမနီလက်ရွေးစင်ကစားသမားဟာ ဂီရိုနာသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းရေး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ပြီး အသေးအမွှားကိစ္စရပ်တို့ကိုသာ ဆွေးနွေးရန်သာ ကျန်ပါတော့တယ်။
မာ့ခ်တာစတီဂန်ဟာ ဂီရိုနာတွင် ဘာစီလိုနာတွင် ရရှိတဲ့ လုပ်ခမျိုး ရရှိလာမှာ မဟုတ်ဘဲ လုပ်ခများစွာ လျှော့ယူလာရပါမယ်။ ဒါပေမယ့် သူဟာ ဂီရိုနာတွင် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိမယ့် အာမခံချက်ကြောင့် အသင်းပြောင်းရန် သဘောတူညီလာတာလည်း ဖြစ်ပါတယ်။
ဂီရိုနာဟာ မာ့ခ်တာစတီဂန်အား ခြောက်လစာ လုပ်ခ ယူရို ၁ သန်းသာ ပေးလာရပါမယ်။
တဖက်တွင် ဘာစီလိုနာကလည်း သုံးဖက်သုံးတန် အဆင်ပြေစေရေးအတွက် ကြားဝင်ညှိနှိုင်းပေးမုများ ပြုလုပ်ပေးခဲ့ပါသေးတယ်။
အသက် ၃၃ နှစ်ရှိ တာစတီဂန်ဟာ ဘာစီလိုနာတွင် ပုံမှန်ကစားခွင့် ရရှိနေခြင်း မရှိမှုနှင့်အတူ ဂျာမနီနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားတွင် ပါဝင်ရေး မရေမရာ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် ဂွါဒါလာဂျာရာနှင့် ရင်ဆိုင်ကစားရတဲ့ ကိုပါဒယ်ရေးပွဲတစ်ပွဲတည်းသာ ကစားခွင့်ရထားပါတယ်။

image