ပင်နယ်တီအဆုံးအဖြတ်ဖြင့် အီဂျစ်ကို အနိုင်ယူကာ အာဖရိကဖလားပြိုင်ပွဲ တတိယ ရရှိလာတဲ့ နိုင်ဂျီးရီးယား
===================

နိုင်ဂျီးရီးယားဟာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အီဂျစ်အား အနိုင်ယူကာ ၂၀၂၅ အာဖရိကဖလားတတိယ ရရှိလာပါတယ်။
နိုင်ဂျီးရီးယားဂိုးသမားစတန်လေအန်ဝါဘာလီဟာ မိုဟာမက်ဆာလက်၊ အိုမာမာမွတ်ရှ်တို့ရဲ့ ပင်နယ်တီတို့အား ကာကွယ်ကာ ပင်နယ်တီတွင် ၄-၂ ဖြင့် အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
နိုင်ဂျီးရီးယားဟာ ဗုဒ္ဓဟူးနေ့တုန်းက ဆီမီးဖိုင်နယ်တွင် အိမ်ရှင်မော်ရိုကိုအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သလို နိုဝင်ဘာလတုန်းကလည်း ကွန်ဂိုးအား ပင်နယ်တီဖြင့်ပင် ရှုံးနိမ့်ကာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားဟာ ပွဲချိန်အတွင်းမှာ ၂ ဂိုးရခဲ့ပေမယ့်လည်း VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဂိုးမရခဲ့တာပါ။
နိုင်ဂျီးရီးယားဟာ ၁၉၇၆ အာဖရိကဖလားပြိုင်ပွဲတုန်းကလည်း တတိယ ဆွတ်ခူးခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။
ယနေ့ညမှာ အာဖရိကဖလားဗိုလ်လုပွဲအဖြစ် ဆီနီဂေါနှင့် အိမ်ရှင်မော်ရိုကိုတို့ ရင်ဆိုင်ကစားကြမှာ ဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းက ဆုကြေးငွေ စံချိန်တင် ဒေါ်လာ ၁၀ သန်းအထိ ရရှိလာပါမယ်။

image