အာဖရိကဖလားပြိုင်ပွဲမှ အပြုအမူတွက် ပွဲပယ်နှင့် ဒဏ်ရိုက်ခံလာရတဲ့ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌအီတိုး
===================
ကင်မရွန်းစတားဟောင်းဆင်မြူရယ်အီတိုးဟာ အာဖရိကဖလားပြိုင်ပွဲအတွင်း အပြုအမူအတွက် အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ၄ ပွဲပယ်ပြစ်ဒဏ်နှင့် ဒေါ်လာ ၂၀၀၀၀ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟာ ကင်မရွန်းနှင့် မော်ရိုကိုတို့ရဲ့ အာဖရိကဖလားပြိုင်ပွဲအတွင်း အားကစားသမားမပီသတဲ့ အပြုအမူပြုလုပ်ခဲ့မှုအတွက် အရေးယူခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာနှင့် အင်တာမီလန်တိုက်စစ်မှူးဟောင်းဟာ အိမ်ရှင်မော်ရိုကိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အချို့အား ဒေါသတကြီး ပြုမူ စောဒကတက်ခဲ့တာ ဖြစ်ပါတယ်။
ယင်းအဖြစ်အပျက် ဖြစ်ပျက်ချိန်တွင် အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌပါထရစ်မော့ဆီပီလည်း ရှိနေရာ အဓိကနေရာသက်သေတစ်ဦး အဖြစ် ရှိနေပါတယ်။
ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ကမူ မျှတတဲ့ တရားစီရင်မှု မရှိကြောင်း ထုတ်ပြန်လာပါက အီတိုးအနေဖြင့် အယူခံဝင်လာနိုင်ကြောင်း ထုတ်ပြန်သွားပါတယ်။
အီတိုးဟာ ၂၀၂၁ ခုနှစ်တွင် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖြစ်လာပြီးနောက် ဘောလုံးအဖွဲ့ချုပ်အတွင်း ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှု၊ မသင့်လျော်တဲ့ အပြုအမူများ ပြုလုပ်မှုအတွက် ဝေဖန်မှုများနှင့် ကြုံလာခဲ့ရသူလည်း ဖြစ်ပါတယ်။