1 ရက် - ဘာသာပြန်ပါ။

ယခုအပတ် လီဗန်တေးနှင့်ပွဲတွင် ဘက်ပေး လွဲချော်လာမှာ ဖြစ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာအတွက် နောက်ထပ် ပြဿနာကြီး ကြုံတွေ့လာ
==================

ယခုအပတ် လီဗန်တေးနှင့် လာလီဂါပွဲစဉ်အား ကိုင်လီယန်ဘက်ပေး လွဲချော်လာမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်အတွက် ပြဿနာက ပိုမိုကြီးထွားလာနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ စပိန်စူပါဖလားတွင် ဘာစီလိုနာကို ရှုံးနိမ့်ပြီးနောက် ဇာဘီးအလွန်ဆိုနှင့် လမ်းခွဲကာ (ခ)အသင်းနည်းပြအယ်ဗာရိုအာဘီလိုအာအား ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ယာယီနည်းပြအာဘီလိုအာ လက်ထက် ပထမဆံးပွဲတွင် ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယတန်းကလပ် အယ်ဘာစီတီအား ရှုံးနိမ့်ကာ ကိုပါဒယ်ရေးမှ ထွက်ခွာခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တစ်ပတ်အတွင်း ဆုဖလား ၂ လုံး လက်လွှတ်လိုက်ရမှုနှင့်အတူ အဝတ်အစားလဲခန်းအတွင်း အဆိုးရွားဆုံး ပြဿနာ ကြုံနေရပါတယ်။
အာဘီလိုအာဟာ စနေနေ့တွင် လီဗန်တေးအား ဘာနေဗျူးတွင် ဧည့်ခံကစားရမယ့် သူ့ရဲ့ ပထမဆုံးလာလီဂါပွဲအတွက် ပြင်ဆင်မှုမှာလည်း ဘက်ပေး ပါဝင်လာနိုင်ခြင်း မရှိမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံနေရပါတယ်။
ပြင်သစ်စူပါစတားဟာ ဘယ်ဖက်ဒူးဒဏ်ရာပြဿနာ ကြုံနေရသူ ဖြစ်ပြီး ဘာစီလိုနာနှင့် စပိန်စူပါဖလားဗိုလ်လုပွဲတွင် ကစားခဲ့ပေမယ့် ယခုတိုင် အလုံးစုံကောင်းမွန်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် အာဘီလိုအာဟာ နောက်ခံလူများဖြစ်ကြတဲ့ အီဒါမီလီတာအို၊ ထရန်းအလက်ဇန္ဒားအာနိုး၊ အန်တိုနီယိုရူဒီဂါတို့မှာလည်း ဒဏ်ရာကြောင့် အနားယူနေရရာ ပထမဆုံးလာလီဂါပွဲအတွက် ပြင်ဆင်မှုအား အကြီးအကျယ် ရိုက်ခတ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာဟာ ဘက်ပေး ပါဝင်လာနိုင်ခြင်း မရှိမှုနှင့်အတူ တိုက်စစ်တွင် ဗီနီရှပ်စ်၊ ဂွန်ဇာလိုဂါစီယာနှင့် ရိုဒရီဂိုတို့အား အသုံးပြုလာဖို့ ရှိနေပါတယ်။

image