အက်စတွန်ဗီလာတိုက်စစ်မှူး မာလန်ကို ရိုးမားအသင်း အငှားနဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီမှုပါဝင်
ရိုးမားအသင်းဟာ အက်စတွန်ဗီလာအသင်းက နယ်သာလန်တိုက်စစ်မှူး မာလန်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ကြောင်း သိရပါတယ်။
မကြာခင် အသက်(၂၇)နှစ်ပြည့်တော့မယ့် မာလန်ဟာ ၂၀၂၅ ဇန်နဝါရီကမှ ဒေါ့မွန်ကနေ အက်စတွန်ဗီလာကို ယူရို(၂၅)သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
မာလန်ဟာ အက်စတွန်ဗီလာအသင်းမှာ (၄၆)ပွဲကစားပြီး (၁၀)ဂိုး သွင်းယူထားပေမဲ့ ဒီရာသီမှာ ပုံမှန်ပွဲကစားခွင့်မရဘဲ ပရီးမီးယားလိဂ်မှာ (၅)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြော်ငး သိရပါတယ်။
ရိုးမားအသင်းက မာလန်ကို အငှားခေါ်ယူခဲ့ခြင်းအတွက် ငှားရမ်းက ယူရို(၂)သန်းဝန်းကျင် ပေးချေရမှာဖြစ်ပြီး ရာသီကုန်ချိန်မှာ ယူရို(၂၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။
မာလန်ဟာ ရိုးမားအသင်းမှာ ကျောနံပါတ် (၁၄) ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။