ပဲလေ့စ်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ မန်စီးတီး သဘောတူညီမှုရရှိ
မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင် မက်ဂူဟီကို အခုဇန်နဝါရီအပြောင်းအရွှေ့ကာလ
အတွင်းမှာပဲ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူ ဂူဟီ(၂၅ နှစ်)ရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၂၀ ပမာဏရှိမယ်လို့ သိရပါတယ်။
ပဲလေ့စ်အသင်းက ဂူဟီကို ရာသီကုန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ရမှာဖြစ်လို့ အခုဈေးကွက်မှာပဲ
ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။
မန်စီးတီးကတော့ အခုလအတွင်း အသင်းနောက်ခံလူတွေဖြစ်တဲ့ ဒီယက်စ်၊ ဂယ်ဗာဒီယောလ်တို့ ဒဏ်ရာအသီး
သီးရခဲ့လို့ ဂူဟီကို ကြိုးပမ်းလာခဲ့တာပါ။
နှစ်ဖက်ဆွေးနွေးမှုများမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မူအားဖြင့် သဘောတူညီမှု ရခဲ့ပြီး ဂူဟီဟာ မန်စီးတီးအသင်းနဲ့
ကာလရှည်စာချုပ် ချုပ်ဆိုပါလိမ့်မယ်။
ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂူဟီကို ဥရောပထိပ်တန်းကလပ်များစွာက စိတ်ဝင်စားခဲ့ကြပြီး
ပြီးခဲ့တဲ့နှစ်နွေရာသီကလည်း လီဗာပူးလ်အသင်းထံရောက်ဖို့ အလွန်နီးစပ်ခဲ့ပါတယ်။