ထိုင်းနိုင်ငံတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို တစ်နိုင်ငံလုံး စစ်ဆေးမည်

ထိုင်းနိုင်ငံအတွင်း တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကိုတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဇန်န
ဝါရီ ၁၅ ရက်တွင် ထိုင်း သတင်းများ၏ရေးသားဖော်ပြချက်အရ သိရသည်။
တရားမဝင် လာရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ
သည် ပြည်ပနိုင်ငံသားများ လုပ်ကိုင်ခွင့်မရှိဟု ကန့်သတ်ထားသည့် အလုပ်အကိုင်များကို လုပ်ကိုင်နေသည်ဟုသံသယရှိခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးသွားရန်
စီမံခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသား လုပ်သားများသည် ထိုင်းနိုင်ငံအတွင်း၌ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေခြင်း၊ ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေခြင်းစသည့် ဖြစ်စဉ်များ ရှိနေခြင်းကြောင့်ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို မထိခိုက် စေရန်ရည်ရွယ်ပြီး ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit)မရှိဘဲ တရားမဝင် လုပ်ကိုင်နေသည့် လုပ်သားများကို နိုင်ငံအနှံ့ ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ နိုင်ငံခြားသားများသည်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိဘဲ
အလုပ်လုပ်ခြင်း၊ ခွင့်ပြုထားသည့်အလုပ်အမျိုးအစားထက် ကျော်လွန်လုပ်ကိုင်ခြင်းအတွက် ဒဏ်ငွေ ဘတ်၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရမည့်အပြင် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံရမည်လည်း ဖြစ်ကြောင်း နှင့်ပြစ်ဒဏ်ကျခံရသည့်ရက်မှစ၍ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထပ်မံလျှောက်ထားခွင့်ကို နှစ်နှစ်အထိ ပိတ်ပင်ခံရမည်လည်း ဖြစ်ကြောင်း သိရသည်။

image