2 ရက် - ဘာသာပြန်ပါ။

နမ့်လန်မှာ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်ပိတ်

ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်ရှိ သီပေါမြို့နယ်၊ နမ့်လန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်ပိတ် ထားကြောင်း ကုန်သည်၊ ယာဉ်မောင်းတွေဆီက သိရပါတယ်။
"နမ့်လန်လမ်း ပိတ်တယ်။ နမ့်လန်မြို့ ကုန်နဲ့ ပေးမဖြတ်တာ။ လူကြီးလမ်းကြောင်း ရှိတယ်ပြောတာပဲ" လို့ ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။
အဲဒီလမ်းပိုင်းမှာ စစ်တပ်ဂိတ် သုံးခု ရှိပြီး တဂိတ်က လွှတ်ပေး ပေမယ့် ကျန်တဲ့ ဂိတ်တွေ လွှတ်မပေးတာမျိုး ရှိတတ်တယ်လို့ သူက ပြောပါတယ်။
အခု လဆန်းပိုင်းတုန်းကလည်း တခါ လမ်းပိတ်ခဲ့ပြီး ၁၀ ရက်လောက်ကြာတယ်လို့ သူက ထပ်ပြောပြပါတယ်။
"နမ့်လန်လမ်းက ခုလာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့ ပြန်ဖွင့်မလိုလို ကြားတာပဲ။ လမ်းပိတ်လိုက်‌‌ေတာ့ တခုရှိတာက ရာသီသီးနှံ ပေါ်ချိန် လမ်းပိတ်လို့ ထစ်နေရင်အကုန်လုံး တိုင်ပတ်မှာ" လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
နမ့်လန် ဒေသက တောင်သူတွေက စိုက်ပျိုး‌ ရေးထွက် သီးနှံ တွေကို တရုတ် နယ်စပ်ဘက် တင်ပို့တာ ရှိသလို မန္တလေးဘက် ပို့တာလည်း ရှိတာကြောင့် အဲဒီလမ်းပိုင်းက ဖွင့်ပေးမယ်လို့တော့ ယူဆကြောင်း သူက ပြောပါတယ်။
ကုန်သည် တယောက်ကတော့ နမ့်လန် ကနေ ကုန်တင်ပြီး ဖြတ်သန်းခွင့် ပိတ်ထားဆဲ လို့ ကြားရပြီး ပြီးခဲ့တဲဘ ရက်ပိုင်းက မိုင်းရယ် နဲ့ သီပေါ မြို့နယ် အစပ်က မူးယစ်ဆေးဝါးနဲ့ကျားဖြန့် ရှင်းလင်းရေးနဲ့ ဆက်စပ်ပြီး လမ်းပိတ်ထားတာလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

image