ဂရင်းလန်းကို ရယူရေး ဆန်ကျင်တဲ့နိုင်ငံတွေကို အခွန်တိုးကောက်မယ်လို့ ထရန့်ခြိမ်းခြောက်

ဂရင်းလန်းကို သိမ်းပိုက်ဖို့ ရည်မှန်းချက်ကို ဆန့်ကျင်တဲ့နိုင်ငံတွေကို အခွန်ကောက်တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးလိုက်ပါတယ်။
"နိုင်ငံတွေက ဂရင်းလန်းကိစ္စကို သဘောမတူရင် ကျွန်တော် အခွန်ကောက်ခံနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကို လိုအပ်လို့ပါ" ထရန့်က အိမ်ဖြူတော် အစည်းအဝေးမှာ ပြောပါတယ်။
ဂရင်းလန်းဟာ လူဦးရေနည်းပါးပေးမယ့် အရင်းအမြစ်ကြွယ်ဝပြီး မြောက်အမေရိကနဲ့ အာတိတ်အကြားမှာ တည်ရှိသောတာကြောင့် ဒုံးကျည်တိုက်ခိုက်မှုတွေ ဖြစ်ပွားပါက ကြိုတင်သတိပေးစနစ်တွေနဲ့ ဒေသတွင်းရှိ သင်္ဘောတွေကို စောင့်ကြည့်ဖို့ အတွက် နေရာကောင်းတခုဖြစ်ပါတယ်။
ဂရင်းလန်း၏ အနောက်မြောက်ဘက်အစွန်ဆုံးရှိ ဒုံးကျည်စောင့်ကြည့်ရေးစခန်းတခုဖြစ်သည့် Pituffik အခြေစိုက်စခန်းမှာ အမေရိကန်ဟာ စစ်ဘက်ဝန်ထမ်း ၁၀၀ ကျော်ကို အမြဲတမ်းတပ်စွဲထားပြီးဖြစ်ပါတယ်။ ဒိန်းမတ်နဲ့ လက်ရှိသဘောတူညီချက်တွေအရ အမေရိကန်ဟာ တပ်ဖွဲ့ဝင်တွေ ထပ်မံချထားနိုင်ပါတယ်။
ထရန့်ကတော့ အမေရိကန်ဟာ ရုရှား ဒါမှမဟုတ် တရုတ်ရဲ့ တိုက်ခိုက်မှုတွေကနေ ကောင်းကောင်းကာကွယ်ဖို့အတွက် ဂရင်းလန်းကို ပိုင်ဆိုင်ရမယ်လို့ ဆိုပါတယ်။ စစ်ရေးနည်လမ်းသုံးပြီး ရယူနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ဒိန်းမတ်နိုင်ငံကတော့ အမေရိကန်က စစ်ရေးအရ အရေးယူဆောင်ရွက်မှုမယ်ဆိုရင် နေတိုးအဖွဲ့ အဆုံးသတ်မယ်လို့ သတိပေးထားပါတယ်။နေတိုးဟာ ပြင်ပကနေ တိုက်ခိုက်ခံရရင် မဟာမိတ်တွေဟာ အချင်းချင်း ကူညီရမယ်ဆိုတဲ့ မူနဲ့ လုပ်ဆောင်ပါတယ်။ အဖွဲ့ဝင်တဦးက နောက်တဦးကို အင်အားသုံးမယ့် ရွေးချယ်မှုမျိုးကို ဘယ်တုန်းကမှ မကြုံဖူးပါဘူး။ ဥရောပ မဟာမိတ်တွေက ဒိန်းမတ်ကို ထောက်ခံနေကြပါတယ်။
ထရန့်ရဲ့ အစီအစဉ်ကို ဒိန်းမတ်၊ ဂရင်းလန်းတို့နဲ့ အတူ အခြားနိုင်ငံတွေက ဆန့်ကျင်နေကြပြီး အမေရိကန်ပြည်သူအများအပြားကလည်း ဂရန်းလန်းကို ဝယ်ယူမှုအပေါ် သံသယရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်ပါတီကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကတော့ ဂရင်းလန်းနယ်မြေကို သွားရောက်ပြီး ထရန့်အစီအစဉ်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။
အဖွဲ့ဝင် ၁၁ ဦးပါအဖွဲ့ပါအဖွဲ့မှာ အမျိုးသားလုံခြုံရေးအကြောင်းပြချက်တွေကြောင့် ဂရင်းလန်းကို တနည်းနည်းဖြင့် ဝယ်ယူဖို့ သမ္မတရဲ့ တောင်းဆိုမှုအပေါ် စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရီပတ်ဘလီကန်တွေလည်း ပါဝင်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာ လွှတ်တော်အမတ်တွေအပြင် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်၊ ဂရင်းလန်းဝန်ကြီးချုပ် ဂျန်းစ်-ဖရက်ဒရစ် နီယယ်ဆန်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

image